Hook
Dive into the world of
More breakout videos from this creator.
မြန်မာ Player တွေပဲ ရမယ့် သင်္ကြန်လက်ဆောင်။ ကျွန်တော် ဒီနေ့ Content လုပ်မယ်ဆိုပြီး ဂိမ်းထဲ ဝင်ဝင်ချင်းမှာပဲ ဒါကြီးက တက်လာပါတယ်။ တွေ့တွေ့ချင်း ကျွန်တော်တော့ ကြောင်သွားတယ်။ အတာသင်္ကြန်လက်ဆောင်လို့လည်း ပြောထားတယ်။ ဘေးမှာလည်း ပုရပိုက်တို့၊ အုန်းလက်တို့၊ ရေလောင်းနေတာတို့ အဲ့လိုမျိုး မြန်မာသင်္ကြန် အငွေ့အသက်ကို ထည့်ပေးထားပါသေးတယ်။ ကိုယ့်မြန်မာရဲ့ ရိုးရာပွဲကို ဂိမ်းထဲ ထည့်ပေးတယ်ဆိုတာကို ကျွန်တော့်အနေနဲ့တော့ ဝမ်းသာမိပါတယ်။ ကဲ ဘာတွေ Free ရမလဲဆိုတာ ဝင်ကြည့်လိုက်ရအောင်။ ဟုတ်ပြီ Concept ကတော့ ရိုးရိုးရှင်းရှင်းလေးပဲ။ ဒီညာဘက်က Log in ဝင်တာ၊ ဂိမ်းပွဲတွေ ဆော့တာ အစရှိသဖြင့် Task လေးတွေ လုပ်လိုက်မယ်ဆိုရင် ဒီ Gold Coin လေးတွေ ရပါမယ်။ အဲ့ Coin လေးတွေနဲ့ ကျွန်တော်တို့က ဒီ Reward တွေထဲက လဲယူလို့ ရမှာပဲ ဖြစ်ပါတယ်။ အမြင့်ဆုံးကတော့ ဒီ Dolia လေးရဲ့ Shimmering Seas ဆိုတဲ့ Skin လေးကို Free ယူလို့ ရမှာပါ။ Skin လေးက မဆိုးပါဘူး။ Dolia လေးက တကယ်ကို ချစ်စရာလေးပါ။ ရေသုမလေး ဖြစ်တာက တစ်ကြောင်း၊ သင်္ကြန် Theme နဲ့လည်း ကိုက်မယ်ထင်လို့ Free ပေးတာလို့တော့ ကျွန်တော်ကတော့ ထင်ပါတယ်။ အခုက သင်္ကြန်ကလည်း နီးနေပြီဆိုတော့ အဲ့ကျရင်လည်း အားလုံးပဲ ပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဒီ Dolia Skin လေးကို Free ဝင်ယူဖို့လည်း မမေ့ကြပါနဲ့။ ကျွန်တော်ကတော့ ကျန်မှာဗျ။ နောက်ဗီဒီယိုလေးမှာ ပြန်တွေ့ရအောင်။