Hook
More breakout videos from this creator.
မင်္ဂလာပါရှင်။ ရှိသမျှငွေတွေနဲ့ စုပြီးတော့ ရင်းပြီးတော့ ကုန်စုံဆိုင်တစ်ခုကို ဖွင့်လိုက်တယ်။ သို့သော်လည်းပဲ အဲ့ဒီကုန်စုံဆိုင်ကနေ ရတဲ့အမြတ်ကို ပြန်ဖယ်ထုတ်ပြီးတော့ ကိုယ်လိုချင်တဲ့ အိမ်တစ်လုံး ကားတစ်စီး ဝယ်ဖို့ရာအတွက်ကို မဖြစ်နိုင်ဘူး။ ဒီကုန်စုံဆိုင်က ငွေဝင်ငွေထွက် မြန်ပါရဲ့နဲ့ ငွေစီးဆင်းမှု မြန်ပါရဲ့နဲ့ ဘာဖြစ်လို့ ဒီလိုမျိုး စုဆောင်းငွေအဖြစ် ပြန်ပြီးတော့ ငွေကို မထွက်မလာတာလဲဆိုပြီးတော့ အဲ ပြောတဲ့သူတွေ ရှိတယ်ပေါ့နော်။ အဲ အသိမိတ်ဆွေတွေထဲမှာလည်း ရှိပါတယ်။ အမြဲတမ်းကျတော့ ဒီကုန်စုံဆိုင် တစ်ဆိုင် ဖွင့်နေရင်းနဲ့ ငွေစီးဆင်းမှု မြန်တဲ့ ငွေဝင်ငွေထွက် မြန်တဲ့ ကုန်စုံဆိုင် ဖွင့်နေရင်းနဲ့ ငွေစုနိုင်ဖို့ဆိုတာ အလွယ်ဆုံးပါပဲနော်။ အဲ့တော့ကျတော့ ဒီကုန်စုံဆိုင် ဖွင့်ထားရင်းနဲ့ ငွေကို ဆိုင်ထဲကို ပြန်မဝင်မသွားဘဲနဲ့ စုဆောင်းငွေအဖြစ်နဲ့ စုမိပြီးတော့ကျတော့ ကိုယ်လိုချင်တဲ့ အိမ်တစ်လုံး ကားတစ်စီး ဝယ်ဖို့ဆိုလို့ရှိရင် ဘယ်လိုလုပ်လို့ရလဲဆိုတဲ့ နည်းလမ်း ရှိပါတယ်နော်။ အဲ့ဒီအချက်သုံးချက်ပဲ ရှိတယ်။ အဲ့ဒီအချက်သုံးချက်ကို ဒီဗီဒီယိုမှာ ပြောပြပေးပါမယ်ရှင်။ အဲ့ဒီအချက်သုံးချက်က ဘာလဲဆိုလို့ရှိရင် နံပါတ်တစ်က ကိုယ့်ရဲ့ ဒီရက်ကွက်ထဲ ကိုယ်ရောင်းနေတဲ့ စျေးကွက်ထဲမှာ ဘယ်ပစ္စည်းက အရောင်းသွက်ပြီးတော့ ဘယ်ပစ္စည်းက အရောင်းထိုင်းလဲဆိုတာကို ကိုယ်က သိရပါမယ်။ အဲ့ဒါမှ အရောင်းသွက်တဲ့ပစ္စည်းကို ကိုယ်ကနေပြီးတော့ များများ ရောင်းနိုင်ပြီးတော့ အရောင်းထိုင်းတဲ့ပစ္စည်းကို ကိုယ်က နည်းနည်းပဲ ဝယ်ထားရမယ်။ ဒါမှသာလျှင် ကိုယ့်ရဲ့ပစ္စည်းတွေက ငွေအိပ်မနေစေဘဲနဲ့ ကိုယ့်ရဲ့ပစ္စည်းတွေက အရောင်းထိုင်းမနေဘဲနဲ့ ကိုယ်က ငွေကြေးစီးဆင်းမှုက မြန်မှာ ဖြစ်ပါတယ်။ ဒီတစ်ချက်ကို သိရပါမယ်။ ဒါကြောင့်မို့လို့ ကုန်စုံဆိုင်ရောင်းတဲ့သူသည် မျက်စိလျင်ရမယ် နားရှင်ရမယ်။ ဘယ်ပစ္စည်းက ဘယ်လိုမျိုး စျေးကွက်က လိုအပ်နေလဲ ကိုယ်က ရောင်းရမှာလား ဝယ်ရမှာလား ရင်းရမှာလားဆိုတာကို ကိုယ်က သိမှာပါ။ နံပါတ်နှစ်အချက်ကကျတော့ ယုံကြည်မှု တည်ဆောက်ရပါမယ်။ ကိုယ့်ဆီမှာ စျေးလာဝယ်တဲ့ ဝယ်သူတွေအနေနဲ့ ကိုယ့်ကို ယုံကြည်ရသလိုပဲ ကိုယ့်ကို စျေးရောင်းတဲ့ ဆပ်ပလိုင်ယာ ကုန်သည်ကလည်း ကိုယ့်ကို ယုံကြည်ရပါမယ်။ ကိုယ့်ဆီကနေ ဝယ်တဲ့ ဝယ်သူက ယုံကြည်မှ ကိုယ်သည် မှန်မှန်ကန်ကန် ရောင်းတဲ့သူ ဖြစ်တယ်။ စျေးအရမ်းအမြတ်စားတဲ့သူ မဟုတ်ဘူး။ စျေးကြီးတင်ပြီး ရောင်းတဲ့သူ မဟုတ်ဘူး။ ဝန်ဆောင်မှုကောင်းတဲ့သူ ဖြစ်တယ်ဆိုပြီးတော့ ယုံကြည်သလိုပဲ ကိုယ့်ကို ရောင်းပေးတဲ့ ကိုယ့်ရဲ့ ဆပ်ပလိုင်ယာကနေပြီးတော့ ကုန်သည်ကနေပြီးတော့ ကိုယ်သည် ငွေကြေးမှန်ကန်တယ် တိကျတဲ့ ငွေကြေးနဲ့ ပတ်သက်လို့ရှိရင် မြန်မြန်ဆန်ဆန် ငွေပေးချေတဲ့ ကိုယ်သည် ငွေကြေးအစွန်းအထင်းမခံဘူးဆိုတဲ့ အကြောင်းကို ဆပ်ပလိုင်ယာက သိရပါမယ်။ ဒါမှသာလျှင် ဒီဆပ်ပလိုင်ယာကနေပြီးတော့ ကိုယ့်ကို ကုန်ပစ္စည်းကို ခရက်ဒစ်အဖြစ်နဲ့ အတွေ့ချပေးတဲ့အခါမှာ ကိုယ့်မှာရှိတဲ့ အရင်းအနှီးက တစ်ရာဖြစ်ရင် ဆပ်ပလိုင်ယာ ချပေးတဲ့ သိန်းတစ်ရာကိုပါ ကိုယ်က ရင်းနှီးပြီးတော့ လုပ်ကိုင်စားလို့ ရမှာ ဖြစ်ပါတယ်။ ဒီနံပါတ်နှစ်အချက်ကလည်း အရမ်းအရေးကြီးပါတယ်။ အဲ့ဒီတော့ ဖောက်သည်နဲ့ မျက်နှာမပျက်ဖို့လိုသလိုမျိုး ကုန်သည်နဲ့ မျက်နှာမပျက်ဖို့လည်း လိုပါတယ်။ ဒီယုံကြည်မှုကို တည်ဆောက်ထားရပါမယ်။ ဒါက နံပါတ်နှစ်အချက်ပါ။ နံပါတ်သုံးအချက်ကတော့ ပစ္စည်းတစ်ခုကို တစ်ပတ်အတွင်းမှာ တစ်ခါပဲ ရောင်းမယ်ဆိုလို့ရှိရင် အဲ့ဒီပစ္စည်းတစ်ခုကို တစ်ပတ်အတွင်းမှာ အရင်ကထက် နှစ်ခါ သုံးခါ ရောင်းလိုက်မယ်ဆိုလို့ရှိရင် တစ်ပတ် ခုနစ်ရက်ကြာတဲ့အခါမှာ ပိုပြီးတော့ အဆင်ပြေတဲ့ နည်းလမ်း ဖြစ်သွားမယ်ပေါ့နော်။ နံပါတ်သုံးချက်ကကျတော့ ဒါကြောင့်မို့လို့ ဒီအမြတ်နည်းနည်းနဲ့ ကြိမ်ရေများများ ရောင်းတဲ့နည်းလမ်းကို ကိုယ်က ကျင့်သုံးရမယ်။ အမြတ်များများယူပြီးတော့ကျတော့ ကြိမ်ရေနည်းနည်းပဲ ရောင်းတဲ့ ကိစ္စမျိုးကို ကိုယ်က မလုပ်တော့ဘူးပေါ့နော်။ အဲ့ဒီအခါကျလို့ရှိရင် ဝယ်သူနဲ့လည်း ကိုယ်က ယုံကြည်မှု ယူပြီးသား ဖြစ်သွားမယ်။ ကိုယ်ရောင်းလိုက်တဲ့ပစ္စည်းကလည်းပဲ အရမ်းမြန်စျေးကွက်ကို ဝင်သွားတာ ဖြစ်တဲ့အတွက်ပေါ့နော်။ ကိုယ့်အတွက်လည်း အဆင်ပြေတယ် ဝယ်သူအတွက်လည်း အဆင်ပြေပါတယ်။ ရှင်။ အဲ့ဒီနည်းလမ်းသုံးခုကိုသာ ကျင့်သုံးမယ်ဆိုလို့ရှိရင် သူများတွေ ရောင်းနေတဲ့ စျေးကွက်ထဲမှာ ကိုယ်က နေရာတစ်ခု ရဖို့လည်း မခက်ခဲတော့သလိုမျိုး ကိုယ်ကနေပြီးတော့ ရင်းနှီးလိုက်တဲ့ ငွေပမာဏ ဘယ်လောက်ပဲ ဖြစ်ဖြစ် အရင်းနည်းသည် ဖြစ်စေ များသည် ဖြစ်စေ ဆိုင်ကြီးသည် ဖြစ်စေ သေးသည် ဖြစ်စေ စျေးကွက်ထဲမှာ မြန်မြန်ဆန်ဆန်နဲ့ နေရာတစ်ခု ရလာမှာ ဖြစ်ပြီးတော့ကျတော့ ကိုယ်လိုချင်တဲ့ ကိုယ့်ရဲ့အိမ်မက်ဖြစ်တဲ့ ဒီကုန်စုံဆိုင်လေးကနေပြီးတော့ အရင်းနည်း ဘယ်ရွေ့ဘယ်မျှကို ရင်းနှီးထားပြီးတော့ အိမ်တစ်လုံး ကားတစ်စီး ဝယ်ဖို့ရာအတွက် ဖြစ်ဖြစ်လာလိမ့်မယ်မလားနော်။ ဖြစ်လာနိုင်တာ မဟုတ်ဘူး ဖြစ်ကို ဖြစ်လာတာနော်။ အဲ့တော့ကျတော့ ဒီနည်းလမ်းလေးတွေကို တစ်ချက်လိုက်ပြီးတော့ ဒီအချက်သုံးချက်ကို လိုက်ပြီးတော့ စဉ်းစားကြည့်ပါ။ နားထောင်ကြည့်ပါ။ တိတိကျကျ ဖြစ်နိုင်လား မဖြစ်နိုင်ဘူးလားဆိုတာကိုလည်း ကိုယ့်မှာမှာ ရေးခဲ့ပေးကြပါ။ အဲ့တော့ စီးပွားရေးအမြင်ရှိတဲ့ အရောင်းအဝယ်သမား အချင်းချင်း ဒီအချက်သုံးချက်ကို သိသွားအောင်လို့ ဒီဗီဒီယိုလေးကို လိုက်ကန်ရှယ်ယာလေး လုပ်ပေးသွားပါရှင်။ ရောင်းလီက ရွှေလေးပုံမျိုးဆို ဖြန့်ချိရတာ အတော်ဆုံး ဖြစ်ပါတယ်ရှင်။ အကယ်၍ ပေါ့နော် မြားဝေရီ အရောင်းအတွက်ဆိုလို့ရှိရင် မြားဝေရီကနေပြီးတော့ ဝယ်ချင်တယ်ဆိုလို့ရှိရင် ဒီအောက်က ဖုန်းနံပါတ်ကို ဆက်ပါ။ နေရာကနေပြီးတော့ ဝယ်ချင်တယ်ဆိုလို့ရှိရင် ဒီအပေါ်က ဖုန်းနံပါတ်ကို ဆက်ပါ။ မြားဝေရီ အရောင်းနဲ့ ရောင်းဖုန်းနံပါတ် နှစ်လုံးခွဲထားလို့ပါရှင်။ မြားဝေရီမှာပဲ ဆိုင်မှာလာချင်တယ်ဆိုလို့ရှိရင်တော့ မီးရောင်ကုန်ဘုရားရဲ့ အနောက်မုခ်ကနေပြီးတော့ ဒုတိယလမ်းကို ဝင်ခဲ့ပါ။ အိမ်ဆိုင်ရှေ့မှာဆိုလို့ရှိရင် အစိမ်းရောင် ဆယ်ပေ အမိုးနှစ်ခု ထိုးထားပါတယ်။ ဆိုင်ကိုလာတဲ့ ဆိုင်ကယ်တွေ လူတွေတို့ အရမ်းနေဖို့မှာ ဆိုတော့ အခုက အရမ်းပူနေတဲ့ အချိန် ဖြစ်လို့ပါရှင်။ ဒါသည် လူတွေ အရမ်းပူတာ မို့လို့ ကျန်းမာရေးကို ဂရုစိုက်ကြပါရှင်။ အအေးထဲကနေ အပူထဲကို အပူထဲကနေပြီးတော့ အိမ်ထဲကို ကြိုပြီးတော့ ဝင်တာမျိုးတွေကို တကယ်ကို သတိကြီးကြီး ထားပြီးတော့ လုပ်ဆောင်ကြပါရှင်။ ကျေးဇူးအများကြီးတင်ပါတယ်ရှင်။