Hook

Their other posts in the index, biggest breakout first.
တကယ်ကို လိပ်ပြာရောင် ပထမဦးဆုံး လက်ခံရိုက်ကူးဖြစ်တဲ့ ဇာတ်ကောင်လေးက လိပ်ပြာ။ လိပ်ပြာက တကယ်ကို ရင့်ကျက်တာ။ ရင့်ကျက်ပြီးတော့မှ ဟို လိပ်ပြာဆိုရင် သူ့ရဲ့ ဟို ဝတ်ပုံစားပုံ ဆိုလည်း မိန်းကလေး သိပ်မဆန်ဘူး။ အဲ very strong ဖြစ်တယ်။ သူက နောက် စကားပြောရင်လည်း ခပ်အေးအေးပဲ ပြောတယ်။ လမ်းလျှောက်တာက စ နည်းနည်း ယောကျာ်းလေးလေး ဆန်တယ်ပေါ့နော်။ အဲဒီမှာမှ ပြီးတော့ တစ်မြေ့မြေ့မိုး ဆိုတဲ့ ဇာတ်လမ်းတွဲလေး ပြီးတော့မှ ရင်ထဲ ကြွေရဲရဲ ဆိုတဲ့ V ပေါ့နော်။ အဲဒီမှာ V character နဲ့ ပတ်သက်ပြီးတော့ ဟို V က ကျတော့ ဇာတ်လမ်းဇာတ်ညွှန်းအရလည်း တကယ်ကို ဟို အရမ်း ဟို သွက်သွက်လက်လက်နဲ့ ကလေးလည်း ဆန်တယ်။ သူက အောင်မြင်မှုနောက်ကို အရမ်းလိုက်တဲ့ ကောင်မလေးပေါ့နော်။ ခံစားချက်တွေလည်း အရမ်းများတယ်။ ဆိုတော့ အဲလို အဲလို ဇာတ်ကောင်လေးတွေနဲ့ ပတ်သက်ပြီး အဲဒါကို အဲဒါနဲ့ ပတ်သက်ပြီး တချို့ scene တွေလည်း viral ဖြစ်အောင် လုပ်ကြတယ်ပေါ့နော်။ လုပ်တဲ့အခါကျတော့ အဲဒါကို နည်းနည်း ကြည့်သူများပြီးတော့ ဟို တချို့က ပန်းရောင် character က ဒီ ကလေးဆန်တဲ့ character သရုပ်ဆောင်တာ များတယ်လို့ ထင်ကြတာ နေမယ်ပေါ့နော်။ ဒါပေမဲ့ တကယ်နဲ့ ကနဦး လိပ်ပြာ fan တွေလည်း အရမ်းများပါတယ်။ ယနေ့ထိကို လိပ်ပြာ series ကို အရမ်းသဘောကျပေးတယ်။ ဟို ကလေးလေးတွေရဲ့ စာ ယောကျာ်းလေးလေး ၇ နှစ် ၈ နှစ်လေး ဆိုတဲ့ လိပ်ပြာ fan တွေ ဖြစ်ကြတာ ပေါ့။ ဆိုတော့ စုံထောက် ဇာတ်လမ်းတွဲ ဆိုတော့လေ ယောကျာ်းလေးတွေလည်း ကြိုက်ကြတာပေါ့နော်။ ဆိုတော့ အဲလို ဇာတ်ကောင်တုန်းက ကျတော့ ပန်းရောင် သရုပ်ဆောင်တာက တစ်မျိုးပေါ့နော်။ ဒီဘက်မှာ ကျတော့ တစ်မျိုး။ ဆိုတော့ ဇာတ်ကောင်ပေါ်မှာပဲ မူတည်ပြီးတော့ ပန်းရောင် ဇာတ်ကောင်အလိုက်ပဲ အတတ်နိုင်ဆုံး ဇာတ်ကောင်ကို ပုံဖော်တဲ့ အချိန်မှာ ဇာတ်လမ်းဇာတ်ညွှန်းပေါ် သစ္စာရှိပြီးတော့ အဲဒါကို ကိုယ်စွမ်းသလောက်ပေါ့နော် ကိုယ်နားလည်သလိုလေး ပုံဖော်တယ်။ ဒါကို လက်ခံတဲ့သူ ရှိတယ်။ လက်မခံတဲ့သူ ရှိတဲ့ ပန်းရောင် နားလည်ပြီးသား။ ဒါပေမဲ့ ပန်းရောင် အမြဲ ပြောလေ့ရှိသလို ဘယ်အချိန်ပဲ ဖြစ်ဖြစ် နောက် ပန်းရောင် ၁၀ နှစ် ၁၅ နှစ် နေရင်လည်း ပန်းရောင် အမြဲတမ်း ပိုကောင်းအောင် ကြိုးစားရမှာပဲ။ ဟို ကိုယ့်ဟာကိုယ် ဝမ်းစာဖြည့်ပြီးတော့လေ။ ဆိုတော့ အဓိကကတော့ တကယ်ကို ပန်းရောင် ပိုကောင်းစေချင်တဲ့ စိတ်နဲ့ ဝေဖန်ပေးတဲ့သူ အကြံပေးတဲ့သူတွေကို ကြိုဆိုတယ်။ ပန်းရောင် ကိုယ်၌ကလည်း အမြဲတမ်း ကောင်းသထက်ကောင်း အဆိုးဖြစ်ဖြစ် အကောင်းဖြစ်ဖြစ် သရုပ်ဆောင်ဖြစ်ဖြစ် အမြဲတမ်းတော့ ကြိုးစားနေပါတယ်။ တကယ်လည်း ဒီအလုပ်ကို ကိုယ်မြတ်နိုးလို့ တကယ် ချစ်လို့ပေါ့နော် လုပ်နေတာပါ။ ဆိုတော့ ဟုတ်။