
Post
Posted Aug 20, 2026Photo post · 1 slidesby @phookyawzin_futurewave
We didn’t find a product being promoted in this video. Its hook, format and structure below still show why it took off.
Browse products winning on TikTokခွေးတစ်ကောင်က စပြီး ဟောင်လိုက်ပြီဆိုရင် ကျန်တဲ့ ခွေးအုပ်ကြီးကလည်း အကြောင်းအရင်းမရှိ လိုက်ဟောင်ကြတော့တာပဲ။ တကယ်တော့ အဲ့ဒီခွေးတွေဟာ ကိုယ့်ကို ဘာလို့ ဟောင်နေမှန်း၊ ဘာလို့ ကိုက်ချင်နေမှန်း သူတို့ကိုယ်တိုင်တောင် မသိကြပါဘူး။ ပိုဆိုးတာက... အဲ့ဒီခွေးအုပ်ထဲမှာ ကိုယ် အရင်က ကျွေးမွေးခဲ့ဖူးတဲ့၊ စောင့်ရှောက်ခဲ့ဖူးတဲ့ ခွေးတွေတောင် ပါနေတတ်သေးတယ်။ သူတို့စိတ်ထဲမှာ ကိုယ့်ကို မဟောင်သင့်ဘူးဆိုတာ သိနေရင်တောင်မှ အုပ်စုလိုက်ကြီးဖြစ်နေတော့ တခြားသူတွေနဲ့ ရောပြီး လိုက်ဟောင်နေကြဦးမှာပါပဲ။ ဒါက ဒီနေ့ TikTok မှာ တွေ့လိုက်ရတဲ့ ဗီဒီယိုလေးတိုလေးတစ်ခုပါ။ အခုကြုံနေရတဲ့ လူတွေရဲ့ ပတ်ဝန်းကျင်နဲ့ တကယ့်ကိုတူပါတယ်... လူအများစုဟာ အကြောင်းခြင်းရာကို သေချာမသိဘဲ သူများယောင်လို့ လိုက်ယောင်၊ သူများဝေဖန်လို့ လိုက်ဝေဖန်တတ်ကြတယ်။ အဆိုးဆုံးကတော့ ကိုယ် စေတနာထားခဲ့ဖူးတဲ့သူတွေ၊ ကူညီခဲ့ဖူးတဲ့သူတွေပါ အဲ့ဒီ အုပ်စုလိုက် ဝေဖန်တိုက်ခိုက်မှုတွေထဲမှာ ရောပြီး ပါသွားတတ်ကြတာပါပဲ။ သူများယောင်လို့ လိုက်ယောင်နေတာဟာ သူများဟောင်လို့ လိုက်ဟောင်နေတဲ့ ခွေးလေးတွေလိုဖြစ်နေမှာပေါ့။ ဒါကြောင့်... ကိုယ့်လက်ထဲမှာ "ခွေးရိုက်တုတ်" တစ်ချောင်းတော့ အမြဲအသင့်ကိုင်ထားပါ။ ကိုယ်က တုတ်ကို ကောက် ကိုင်လိုက်တာနဲ့ ဝိုင်းဟောင်နေကြတဲ့ ခွေးတွေဟာ တွန့်ဆုတ်သွားတတ်ပြီး အဟောင် ရပ်သွားလေ့ ရှိကြပါတယ်။ "ခွေးရိုက်တုတ်" ဆိုတာ သူတစ်ပါးကို သွား ရန်စဖို့၊ ဒုက္ခပေးဖို့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ စည်း၊ ကိုယ့်ရဲ့မူ၊ ကိုယ့် ခံယူချက်၊ ကိုယ့်တန်ဖိုး နဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း တို့ကို ဆိုလိုတာပါ။ လူတချို့က ကိုယ့်ရဲ့ စိတ်ထားကောင်းခြင်း၊ သဘောကောင်းခြင်း၊ သည်းခံခွင့်လွှတ်နိုင်ခြင်းတွေကို "အနိုင်ကျင့်လို့ရတဲ့ ပျော့ကွက်" လို့ ထင်ပြီး အနိုင်ကျင့်လေ့ရှိတတ်ကြပါတယ်။ သဘောကောင်းတဲ့သူဖြစ်ရတာ၊ လူကောင်းတစ်ယောက်ဖြစ်ရတာ ကောင်းပါတယ်။ ဒါပေမဲ့ ကိုယ်ဟာ... "အနိုင်ကျင့်လို့မရတဲ့ လူကောင်းတစ်ယောက်" ဖြစ်ဖို့တော့ လိုပါတယ်။ သူများတွေ အကြောင်းမရှိ လိုက်ဟောင်နေကြတိုင်းလည်း စိတ်တိုပြီး လိုက်တုံ့ပြန်နေစရာ မလိုပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ စည်း၊ ကိုယ့်ရဲ့နယ်နိမိတ်ကို ကျူးကျော်လာရင်တော့ ကိုယ့်မှာရှိတဲ့ ပြတ်သားမှုနဲ့ စည်းကမ်းဆိုတဲ့ "တုတ်" ကို သုံးပြီး အသိပေးတတ်ရပါမယ်။ မေတ္တာတရားမှာ အတိုင်းအတာမရှိသင့်ပေမဲ့၊ သည်းခံခြင်းမှာတော့ အတိုင်းအတာတစ်ခု ရှိရပါမယ်။ မိတ်ဆွေတို့ရော... ဒီလိုအခြေအနေမျိုးတွေ ကိုယ့်တွေ့ရှိဖူးလား? ကိုယ့်ကိုယ်ကိုယ် ဘယ်လို ပြတ်ပြတ်သားသား ကာကွယ် စောင့်ရှောက်နေကြသလဲ? အတွေ့အကြုံရှိရင် မျှဝေပေးခဲ့ပါဦး။ 20.8.2026 ©️ Phoo Kyaw Zin - Future Wave Future Wave Training Future Wave စာပေ
Outliers and viral hits: their videos on Overshot, all time.