
We didn’t find a product being promoted in this video. Its hook, format and structure below still show why it took off.
Browse products winning on TikTokစာအုပ်ထဲက နည်းလမ်းနဲ့ တကယ့် လက်တွေ့နဲ့က လုံးဝမတူဘူး လက်တွေ့မှာက နည်းမှန် လမ်းမှန်ဆိုတာ မရှိဘူး အခြေအနေပေါ်မူတည်တယ်။ ပြီးတော့ အခု ကိုယ်လုပ်နေတဲ့အရာက နောက် ၅ နှစ်၊ ၆ နှစ်မှာ ဘယ်လိုအသုံးဝင်လာမလဲဆိုတာ အဲ့ဒီအချိန်မှာ မသိနိုင်ဘူး။ ကျွန်တော်ဆို အစက Graphic Design ကိုပဲ စိတ်ဝင်စားလို့ လေ့လာခဲ့တာ။ အဲ့တုန်းက ဒီ Skill ကနေ Marketing ဘက်ရောက်မယ်၊ လုပ်ငန်းစလုပ်မယ်၊ Team တစ်ခုဖွဲ့ပြီး အလုပ်လုပ်မယ်၊ နောက်ဆုံး AI နဲ့ Marketing ကိုတွဲပြီး မျှဝေနေမယ်ဆိုတာ ကြိုလဲမသိဘူး။ အစမှာ လေ့လာခဲ့တဲ့ Skill တစ်ခုက နောက် Skill တစ်ခုကို ဆက်လေ့လာဖို့ အခြေခံဖြစ်လာတယ်။ Content ကို သိထားလို့ Graphic Design ကို ပိုမြင်လာတယ်။ Content တွေ ရေးရင်း Marketing ကို ပိုပြီးနားလည်လာတယ်။ ဝန်ထမ်းတွေ ပြောင်းလုပ်ရင်းနဲ့ Client, Team, Process, Business စတဲ့အရာတွေကို မြင်လာတယ်။ အခု AI ပေါ်လာတော့လည်း အရင်က သိထားခဲ့တဲ့အရာတွေက အများကြီးအသုံးဝင်လာတယ်။ အဲ့တော့ တစ်ခါတလေ ကိုယ်အခုလေ့လာနေတာက ချက်ချင်းအသုံးမဝင်သလို ခံစားရနိုင်တယ်။ ဒါပေမယ့် နောက်မှာ ဘာနဲ့သွားချိတ်မလဲဆိုတာ အခုကတည်းက သိဖို့ခက်တယ်။ ပြီးတော့ လူတစ်ယောက်နဲ့တစ်ယောက် Starting Point ကလည်း မတူဘူး။ တစ်ယောက်က Computer ရှိပြီးသားနဲ့ စတယ်။ တစ်ယောက်က လျှပ်စစ်မီး ကောင်းကောင်းရှိတယ်။ တစ်ယောက်က သင်ပေးမယ့်သူရှိတယ်။ တစ်ယောက်ကတော့ အဲ့ဒီအရာတွေထဲက တစ်ခုရဖို့တောင် အချိန်ယူရနိုင်တယ်။ အဲ့တော့ တခြားသူက ကိုယ့်ထက်ရှေ့ရောက်နေလို့ “ငါက နောက်ကျနေပြီလား” ဆိုပြီး တန်းအားငယ်စရာမလိုဘူးလို့ ကျွန်တော်ထင်တာပဲ။ Starting Point မတူရင် ရောက်တဲ့အချိန်လည်း မတူနိုင်ဘူး။ ကျွန်တော်ကိုယ်တိုင်လည်း အရင်က ဝန်ထမ်းအနေနဲ့ အလုပ်လုပ်ခဲ့တယ်။ ပထမဆုံး Computer ကို ၃ သိန်းပေးပြီး ဝယ်နိုင်ဖို့အတွက် အချိန်ယူခဲ့ရတယ်။ အဲ့တုန်းက Computer က ဒီဇိုင်း ဆွဲချင်လို့သက်သက်ပဲ ဒါပေမယ့် အခု ပြန်ကြည့်ရင်— အဲ့ဒီ Computer ကြောင့်ပဲ တစ်ခုချင်းစီ ဆက်လာပြီးမှ ဒီနေ့ AI Marketing အကြောင်းကို ကိုယ်တိုင်စမ်းသပ်ပြီး မျှဝေနိုင်တဲ့နေရာ ရောက်လာတာလို့ပြောရမယ်။ ဒါကြောင့် တစ်ခါတစ်လေကျရင် လူတစ်ယောက်ကို “Motivation လိုတယ်” လို့ ပြောတာကို လက်မခံဘူး။ တချို့အချိန်မှာ လုပ်ချင်စိတ်က ရှိပြီးသား။ လိုနေတာက— Computer တစ်လုံး၊ Internet တစ်ခု၊ Skill တစ်ခု၊ လမ်းပြပေးမယ့်လူတစ်ယောက်၊ ဒါမှမဟုတ် စမ်းလုပ်ကြည့်ခွင့်တစ်ခု။ ပြောရရင်— တစ်ခါတလေ လူတစ်ယောက်ရဲ့ဘဝကို Motivation တွေ ပေးတာထက် Access တစ်ခုရလာတာက ပိုပြောင်းပေးနိုင်တယ်။ ပြီးတော့ အဲ့ဒီ Access လေးက နောက်မှာ ဘာဖြစ်လာမလဲဆိုတာကိုတော့ အနာဂတ်က ကိုယ်တိုင်ပဲသိမယ်။
Promotes 1 product. Create free account to see more.
Outliers and viral hits: their videos on Overshot, all time.