ဝန်ထမ်းတစ်ယောက် အလုပ်ထွက်သွားတဲ့ညမှာ သင် ညအိပ်မပျော်တဲ့ ခံစားချက်မျိုး ခံစားဖူးလား။ ဝန်ထမ်း အလုပ်ထွက်သွားတာကြောင့် ကိုယ့်စီးပွားရေးတွေ ထိခိုက်တော့မလားဆိုတဲ့ စိုးရိမ်ပူပန်တဲ့ စိတ်တွေနဲ့ စိုးရိမ်ပူပန်နေရလား။ ကျွန်မကိုယ်တိုင်လည်း ဒီလိုကာလတွေကို ဖြတ်သန်းခဲ့ဖူးပါတယ်။ ကျွန်မ ဟိုးအရင်တုန်းက ကုန်စုံဆိုင်၊ မီနီမတ် လုပ်ခဲ့စဉ်တုန်းက ကျွန်မ အားကိုးရတဲ့ ကလေးတွေ ထွက်သွားတိုင်း ထွက်သွားတိုင်း လူမသိသူမသိ ငိုကြွေးခဲ့ရပါတယ်။ နောက်တစ်နေ့ သူ မရှိတော့တဲ့နေ့တွေကို ကိုယ်ဘယ်လို ရင်ဆိုင်ရမလဲဆိုတဲ့ စိုးရိမ်စိတ်တွေ၊ လူသစ်မရသေးခင်မှာ ကိုယ်ဘယ်လို ဖြတ်သန်းရမလဲဆိုတဲ့ ဒုက္ခတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ လုပ်ငန်းရှင်တွေ ဒီလိုမျိုး အခက်အခဲနဲ့ ရင်ဆိုင်ရသလို သင်တို့မမြင်ရတဲ့ အချိန်မှာ ဝန်ထမ်းတွေအနေနဲ့မှာလည်း စိတ်ထိခိုက် နာကျင်ရတာတွေ ရှိပါတယ်။ တစ်ခါတစ်ရံ လုပ်ငန်းရှင်က အမှုမဲ့အမှတ်မဲ့ ပြောလိုက်တဲ့ စကားလေးတစ်လုံးဟာ သူတို့ရင်ထဲမှာ အနာကြီး နားသွားတတ်တာမျိုး။ ဒါ့အပြင် ဒီလုပ်ငန်းဟာ သူတို့အတွက် တိုးတက်ရာ တိုးတက်ကြောင်း မရှိဘူး၊ သူတို့ရဲ့ အနာဂတ် မမြင်ရဘူးဆိုတဲ့ အချိန်မှာလည်း သူတို့သည် ဒီလုပ်ငန်းကနေပြီးတော့ အလုပ်ထွက်သွားတတ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ ဒီအခြေအနေတွေကို ဖြေရှင်းနိုင်ဖို့အတွက် Retention Strategy ထဲက အခြေခံကျတဲ့ အချက်လေးတွေကို ကျွန်မ ဒီနေ့ ပြောပေးသွားမှာ ဖြစ်ပါတယ်။ နံပါတ်တစ်ကတော့ Fair Pay ပေါ့နော်။ သူ့ကို ခိုင်မယ့် တာဝန်နဲ့ သင့်တင့်မျှတတဲ့ လစာ ဖြစ်ဖို့ နံပါတ်တစ် အရေးကြီးပါတယ်။ နံပါတ်နှစ်က Growth, Training and Career Development. Training ဆိုတဲ့နေရာမှာ လုပ်ငန်းတွင်း ကျွမ်းကျင်မှုကိုလည်း သင်ပေးလို့ ရသလို သူ့ရဲ့ Personal Development နဲ့ ပတ်သက်တဲ့ Training တွေလည်း ပေးလို့ ရပါတယ်။ ပြီးရင် သူ့ရဲ့ Career Life ကို ရှင်းရှင်းလင်းလင်းနဲ့ လမ်းညွှန်ပြသနိုင်တဲ့ Training မျိုး ဖြစ်ရပါမယ်။ နံပါတ်သုံးက သူလုပ်သမျှ တော်တဲ့အရာလေးတွေကို ချီးကျူး၊ အသိအမှတ်ပြုပေးရမှာ ဖြစ်ပါတယ်။ နံပါတ်လေးက Work Life Balance ဖြစ်အောင်လို့ သူ့ရဲ့ အနားယူချိန်၊ အလုပ်ချိန်ကို ကွဲကွဲပြားပြားနဲ့ အနားယူဖို့ အချိန် ထည့်ပြီးတော့ အလုပ်ချိန်ကို သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။ နံပါတ်ငါးကတော့ ခေါင်းဆောင်ကောင်း ဖြစ်အောင် သင်ကြားပေးရမှာ ဖြစ်ပါတယ်။ လုပ်ငန်းမှာ ဦးဆောင်နိုင်သော တာဝန်ယူနိုင်သော ခေါင်းဆောင်တစ်ယောက် ဖြစ်အောင် လုပ်ငန်းမှာ Communication ကောင်းပြီးတော့ ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ကောင်း ဖြစ်အောင် ပြုစုပျိုးထောင်ပေးရမှာ ဖြစ်ပါတယ်။ နံပါတ်ခြောက်ကတော့ လုပ်ငန်းမှာရှိတဲ့ လုပ်ငန်းတာဝန်တွေကို သူတို့လည်း ပူးပေါင်းပါဝင်လို့ ရအောင် လုပ်ငန်းမှာရှိတဲ့ အပိုင်းတွေမှာ ဝန်ထမ်းတွေအနေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ပြီးတော့ အောင်မြင်မှု ရတယ်ဆိုတဲ့ Feeling ကို ရရှိအောင် လုပ်ပေးရမှာ ဖြစ်ပါတယ်။ နံပါတ်ခုနစ်ကတော့ အချင်းချင်း အပြန်အလှန် လေးစားမှု ရှိပြီးတော့ ကြီးနိုင်ငယ်မလုပ်တဲ့ Positive Environment လုပ် အလုပ်ပတ်ဝန်းကျင် ဖန်တီးပေးရမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ လုပ်ငန်းခွင်က ကြီးနိုင်ငယ်မလုပ်ရဘူး။ အားလုံး တစ်ယောက်နဲ့တစ်ယောက် လေးလေးစားစားနဲ့ ဝန်ထမ်းအချင်းချင်း လေးလေးစားစားနဲ့ ဆက်ဆံရေး ကောင်းမွန်တဲ့ လုပ်ငန်းခွင် ဖြစ်ဖို့ လိုအပ်ပါတယ်။ လက်ရှိသင့်လုပ်ငန်းက Retention Strategy ထဲက ဘယ်အချက်တွေနဲ့ ကိုက်ညီနေပြီလဲ။ လက်ရှိမှာကော သင့်လုပ်ငန်းမှာ ဘယ်လို အခက်အခဲတွေ ဖြစ်နေလဲဆိုတာ Comment လေးမှာ ရေးပေးသွားပါ။ ဝန်ထမ်းတွေအနေနဲ့ ငွေက အရေးကြီးပေမယ့် သူတို့ရဲ့ စိတ်ထဲမှာ သူတို့အပေါ် နွေးထွေးမှု၊ လေးစားခံရမှု၊ ချီးကျူးခံရမှုတွေ လိုချင်တယ်။ သူတို့အတွက် တိုးတက်ရာ တိုးတက်ကြောင်း အခွင့်အလမ်းတွေ လိုချင်ပါတယ်။ သင့်အနေနဲ့ သင့်ရဲ့ လုပ်ငန်းတွေကို လူတစ်ယောက်လို မမြင်ဘဲ စီးပွားရေးအတွက် အခြေခံ အထောက်အကူလို့ မြင်နေတုန်းလား။ တကယ်လို့ အဲ့လိုဖြစ်နေတယ်ဆိုလို့ရှိရင် Retention Strategy စပြီးတော့ မလုပ်ခင်မှာ သူတို့ကို လူတစ်ဦးအနေနဲ့ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်ကောင်းအနေနဲ့ လေးလေးစားစားနဲ့ ဆက်ဆံကြည့်လိုက်ပါ။ အတိုချုပ်ပြောရရင် Retention Strategy ဆိုတာက Respect, Growth, Fairness, Healthy Culture ဒါတွေပါ ပူးပေါင်းပါဝင်ဖို့ လိုအပ်ပါတယ်။ ဒါကတော့ Retention Strategy ရဲ့ အခြေခံကျတဲ့ အချက်ကလေးတွေ ပြောပေးသွားတာ ဖြစ်ပါတယ်။ သင့်လုပ်ငန်းအတွက် Retention Strategy တစ်ခု ဆွဲချင်တယ်ဆိုလို့ရှိရင်လည်း ကျွန်မနဲ့ ပူးပေါင်းပြီးတော့ ရေးဆွဲပေးလို့ ရပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်မ မစွယ်ရီမွန်ပါ။ ကျွန်မကတော့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ သူတို့ရဲ့ လူမှုဘဝတွေ တိုးတက်အောင် ကူညီဖြေရှင်းပေးနေတဲ့ စီးပွားရေးတိုင်ပင်ခံတစ်ဦး ဖြစ်ပါတယ်။