Original caption
ဥပမာ Messenger မှာ ၂၄ နာရီလုံး Customer တွေရဲ့ မေးခွန်းတွေကို ပြန်ဖြေပေးဖို့ နေ့ဆိုင်း ညဆိုင်းနဲ့ ဝန်ထမ်း ၂ ယောက်၊ ၃ ယောက်လောက်တော့ လိုပါတယ်။ ဝန်ထမ်း ၂ ယောက်နဲ့ပဲ တွက်ကြည့်ရအောင်။ လက်ရှိ ဝန်ထမ်း ၁ ယောက်ကို လစာ အနည်းဆုံး ၃ သိန်းလောက် ပေးရပါတယ်။ ၂ ယောက်ဆိုရင် တစ်လကို ၆ သိန်း ကုန်မယ်။ ၁ နှစ်ဆိုရင် ၇၂ သိန်း ကုန်မယ်။ ဟုတ်ပြီ... အဲ့ဒီဝန်ထမ်းတွေ စာပြန်သလိုပဲ Messenger မှာ Customer တွေရဲ့ မေးခွန်းတွေကို ၂၄ နာရီ မနားတမ်း ပြန်ဖြေပေးနိုင်တဲ့ AI Agent Workflow တစ်ခုရဲ့ တန်ဖိုးက ဘယ်လောက်ဖြစ်မလဲ? အခုနောက်ပိုင်း AI Agent Bot တွေဆိုတာ အရင်ကလို Button လေးနှိပ်ပီးပြန်ဖြေပေးတာမျိုးမဟုတ်တော့ဘူး။ အဲ့ဒီ Bot ကိုတည်ဆောက်ပေးတဲ့သူရဲ့ Prompt Engineering စကေးကြမ်းရင်ကြမ်းသလို စာပြန်တာမှာလည်း လူနဲ့ခွဲမရလောက်အောင်အထိတူလာတာပဲ။ AI Agent က စစလုပ်ခါစမှာပဲ ပိုက်ဆံကုန်မယ်၊ ၁လ၂လလောက်အထိကတော့ လူလိုပဲအလုပ်နဲ့ပတ်သတ်တာတွေကို သင်ပေးနေရအုန်းမယ်။ ဒါပေမယ့် ခွင့်မယူဘူး။ နေမကောင်းမဖြစ်ဘူး။ ည ၃ နာရီမှာ Customer စာပို့လာရင်လည်း ချက်ချင်းပြန်ဖြေနိုင်တယ်။ တစ်ချိန်တည်းမှာ Customer ၁ ယောက်မက ၁၀ ယောက်၊ ၁၀၀ ယောက်ကိုတောင် ပြိုင်တူပြန်ဖြေနိုင်တယ်။ ဒါကြောင့် N8N Workflow တစ်ခုရဲ့ တန်ဖိုးကို "Workflow တည်ဆောက်ဖို့ အချိန်ဘယ်လောက်ကုန်လဲ" ဆိုတာနဲ့ မတွက်သင့်ဘူး။ "Business အတွက် ဘယ်လောက်ငွေကုန်ကျစရိတ် လျော့ချပေးနိုင်လဲ" "ဘယ်လောက် Revenue တိုးစေနိုင်လဲ" ဆိုတာနဲ့ တွက်ရမှာ ဖြစ်တယ်။ တကယ်လို့ Workflow တစ်ခုက လုပ်ငန်းရှင်တစ်ယောက်ကို တစ်နှစ် ၇၂ သိန်းကုန်မယ့် ဝန်ထမ်းစရိတ်ကို လျော့ချပေးနိုင်တယ်ဆိုရင်... အဲ့ဒီ Workflow ရဲ့ တန်ဖိုးက သိန်း ၅၀ လား? သိန်း ၁၀၀ လား? မဟုတ်ဘူး။ သူဖန်တီးပေးတဲ့ Result အပေါ်မှာ မူတည်ပြီး ပိုများတဲ့ တန်ဖိုးတောင် ရှိနိုင်ပါတယ်။ Client တွေက Workflow ကို ဝယ်တာမဟုတ်ဘူး။ သူတို့အတွက် ရလာမယ့် Result ကို ဝယ်တာ ဖြစ်ပါတယ် #n8n #aiautomation #aiagent #onlineshopping