
Post
Posted Aug 22, 2026Photo post · 1 slidesby @phookyawzin_futurewave
We didn’t find a product being promoted in this video. Its hook, format and structure below still show why it took off.
Browse products winning on TikTokသေချာပြန်စဉ်းစားကြည့်ရင် စိတ်ရှုပ်ရတဲ့ ကိစ္စအများစုဟာ ဘာမဟုတ်တဲ့ကိစ္စလေးတွေကြောင့်ကပိုများတယ်….။ တကယ် အရေးကြီးတဲ့ကိစ္စကြီးတွေကြောင့် စိတ်ရှုပ်ရတဲ့အခါတွေရှိတယ် …။ ဒါပေမယ့် စိတ်ရှုပ်ရတာ တန်တယ်…။ စိတ်ရှုပ်ရသလောက်လည်း အကျိုးဖြစ်ထွန်းစေတယ်။ ဘာမဟုတ်တဲ့ အသေးအဖွဲလေးတွေကြောင့် စိတ်ရှုပ်ရတာကတော့ မတန်ဘူး…။ စိတ်ရှုပ်ရပေမယ့် ဘာအကျိုးမှလည်းမရှိတဲ့အပြင် တခြားအရေးကြီးကိစ္စတွေ၊ အလုပ်တွေ၊ ဆက်ဆံရေးတွေကိုပါ ထိခိုက်စေတယ်…။ တကယ်တော့ ဘာမဟုတ်တဲ့ကိစ္စလေးတွေဆိုတာ အလွယ်တကူ ၊ အသာတကြည် နားလည် ခွင့်လွှတ်ပေးလိုက်လို့ ရတဲ့ အရာလေးတွေပဲမလား။ အဲ့လိုမှ မဟုတ်ဘဲ… အဲ့ဒီ ဘာမဟုတ်တဲ့ (အမှိုက်သရိုက်) လေးတွေကို စိတ်ရှုပ်ခံပြီး ရင်ထဲမှာ စုထားပါများလာရင်… ကြာတော့ - အမှိုက်သရိုက် အစအနလေးတွေကနေ … အမှိုက်ပုံကြီးဖြစ်လာတတ်ပြီး ကြီးမားတဲ့ စိတ်ဒုက္ခတွေရောက်တတ်တယ်။ ✖️ ဘာမဟုတ်တဲ့ကိစ္စလေးတွေကြောင့် ကိုယ့်ရဲ့ စိတ်ကို အရှုပ်မခံပါနဲ့။ ✖️ ဘာမဟုတ်တဲ့ကိစ္စလေးတွေကြောင့် တဖက်လူ စိတ်ရှုပ်အောင်လည်း မလုပ်ပါနဲ့…။ အဲ့ဒါလေးတွေကိုတော့ သတိထား ဆင်ခြင်စေချင်ပါတယ်…။ “စိတ်ရှုပ်စရာကြုံလာရင် စိတ်ရှုပ်ရတာ တန်ရဲ့လားလို့ စဉ်းစားပါ…။ တန်တယ်ထင်ရင် ရှုပ်ပစ်လိုက်ပါ။ မတန်ဘူးထင်ရင် ထုတ်ပစ်လိုက်ပါ။ အသေးအဖွဲကိစ္စလေးတွေကြောင့် အကြီးအကျယ် စိတ်ရှုပ်ခံမနေပါနဲ့တော့။” ©️ 22.8.2023 (since) Phoo Kyaw Zin - Future Wave Future Wave Training #တွေးမိတက်ရေး #PhooKyawZin #creatorsearchinsights #motivationalquotesforlifeproblems
Outliers and viral hits: their videos on Overshot, all time.