Original caption
Back Office ကောင်းမှ Front Line ကောင်းမယ်၊ Front Line ကောင်းမှ Customer Experience ကောင်းမယ်! စားသောက်ဆိုင် ဒါမှမဟုတ် လုပ်ငန်းခွင်တစ်ခုမှာ အရှေ့တန်း ဝန်ထမ်းတွေ အပြုံးမပျက် ဝန်ဆောင်မှု ပေးနိုင်ဖို့ဆိုတာ အနောက်တန်း Admin, M&E, Finance နှင့်အခြားသော Back Office အဖွဲ့များရဲ့ Backup / Support ပေးမှုအပေါ် အများကြီး မူတည်ပါတယ်။ အဲကွန်း၊ မီးနဲ့ အိမ်သာ စတဲ့ အခြေခံ လိုအပ်ချက်တွေ အဆင်မပြေရင် ဝန်ထမ်းတွေ စိတ်ပျက်ရသလို၊ အဲဒီမှတစ်ဆင့် Customer ထံ အထိခိုက် ရောက်သွားနိုင်ပါတယ်။ Internal Customer ဖြစ်တဲ့ ဝန်ထမ်းအချင်းချင်းကို ဂရုစိုက်ပေးတဲ့ Mindset မရှိဘဲနဲ့ အပြည့်အဝ အောင်မြင်တဲ့ Operation တစ်ခု ရလာမှာ မဟုတ်ပါဘူး။ #HospitalityIndustry #Leadership #EmployeeCare #BusinessManagement #MegaZ