
We didn’t find a product being promoted in this video. Its hook, format and structure below still show why it took off.
Browse products winning on TikTokProgramming စလေ့လာတဲ့အခါ Language တွေ၊ Framework တွေနဲ့ Syntax တွေ အလွတ်ရဖို့က အဓိကလို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ တကယ့် Developer တစ်ယောက် ဖြစ်လာစေတာက ဘယ်သင်ရိုးမှာမှ မပါတဲ့ အတွေးအခေါ်နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အလေ့အကျင့်တွေပါပဲ။ ၁။ ပိတ်မိနေတာဟာ သင်ကျရှုံးနေတာ မဟုတ်ပါဘူး Error တစ်ခုတက်လို့ ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေတဲ့ အချိန်တွေဟာ developer တိုင်း ဖြတ်သန်းရတဲ့ သဘာဝပါ။ အစပိုင်းမှာ ဇဝေဇဝါဖြစ်ပြီး အဲဒီကနေ တဖြည်းဖြည်း ပြဿနာကို ရှင်းထုတ်ရင်း အဖြေရှာနိုင်သွားတာကပဲ Developer တစ်ယောက်ရဲ့ တကယ့် အရည်အသွေး ဖြစ်ပါတယ်။ ၂။ Tutorial Hell ထဲမှာ အချိန်မကုန်ပါစေနဲ့ Video တွေချည်း တစ်ခုပြီးတစ်ခု ထိုင်ကြည့်နေရုံနဲ့ လက်တွေ့ တတ်မြောက်မလာနိုင်ပါဘူး။ ဘယ်လောက်ပဲ မပြည့်စုံပါစေ၊ အမှားတွေ ဘယ်လောက်များပါစေ tutorial ကို ပိတ်ပြီး ကိုယ်ပိုင် Project တစ်ခုခုကို လက်တွေ့ စရေးကြည့်ပါ။ အဲဒီ မပြည့်စုံတဲ့ လက်တွေ့အမှားတွေက ဘယ်သင်တန်းကမှ မပေးနိုင်တဲ့ ပညာတွေကို သင်ပေးသွားပါလိမ့်မယ်။ ၃။ ကိုယ့်ကိုယ်ကိုယ် သံသယမဝင်ပါနဲ့ "ငါ ဘာမှ သေချာမသိသေးပါလား" ဆိုတဲ့ ခံစားချက်က Senior တွေမှာတောင် ရှိနေဆဲပါ။ သူတို့လည်း နေ့တိုင်း Google ခေါက်နေရဆဲ၊ codebase အသစ်တွေတွေ့ရင် စဉ်းစားနေရဆဲပါပဲ။ အဓိကက မသိတာကို မကြောက်ဘဲ မသိတဲ့အရာကို စိတ်ရှည်လက်ရှည် ဖြေရှင်းသွားနိုင်ဖို့ပဲ လိုပါတယ်။ ၄။ တိုးတက်မှုဆိုတာ မျက်စိနဲ့ ချက်ချင်းမမြင်ရပါဘူး သဘောတရားတစ်ခုကို ကောင်းကောင်းနားလည်ဖို့ လနဲ့ချီ အချိန်ယူရတတ်ပါတယ်။ ကိုယ်နှေးနေတယ်လို့ ခံစားရတဲ့ နေ့တွေမှာတောင် အရှုံးမပေးဘဲ နေ့စဉ် နည်းနည်းစီ ဆက်လုပ်သွားတဲ့သူတွေကသာ နောက်ဆုံးမှာ အောင်မြင်တဲ့ Developer တွေ ဖြစ်လာကြတာပါ။ Tech stack တွေ၊ Tool တွေဆိုတာ အချိန်နဲ့အမျှ ပြောင်းလဲနေမှာ ဖြစ်ပေမဲ့ ဒီလို အခြေခံ Mindset နဲ့ လက်တွေ့ ပြဿနာဖြေရှင်းနိုင်တဲ့ စွမ်းရည်ကတော့ အမြဲတမ်း အသုံးဝင်နေမှာပါ။ တကယ်လို့ မိတ်ဆွေက Programming ကို လုံးဝအခြေခံကနေ Advanced အထိ စနစ်တကျ နဲ့ လက်တွေ့ Project တွေ တည်ဆောက်သွားနိုင်မယ့်အထိ လေ့လာချင်တယ်ဆိုရင်တော့ Fullstack A-Z (Basic to Advanced) အတန်းသစ်လေး မကြာခင် လာတော့မှာမို့ Code with Thura ကို စောင့်ကြည့်နေပေးဖို့ လိုပါတယ်နော်။
Outliers and viral hits: their videos on Overshot, all time.