Original caption
ကျွန်တော် Coding ကို စလေ့လာခါစ ၂၀၁၅-၁၆ ခုနှစ်ဝန်းကျင်ကဆိုရင် အင်တာနက်ပေါ်က Tutorial တွေ၊ Crash Course တွေနဲ့ အလုပ်ရှုပ်ခဲ့တာကြောင့် လေ့လာဖို့ အချိန်အများကြီး ပေးခဲ့ရသလို၊ တကယ် အရေးကြီးတဲ့ အချက်တွေကိုလည်း မရခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်သာ အခုချိန်မှာ Coding ကို ပြန်လေ့လာရမယ်ဆိုရင် အမြန်ဆုံးနဲ့ အထိရောက်ဆုံး လေ့လာနိုင်ဖို့အတွက် ဒီအချက်တွေကို အရင်ဆုံး လုပ်ဖြစ်ပါလိမ့်မယ်။ ၁။ Syntax တွေ အလွတ်မှတ်နေတာထက်၊ Problem Solving ကို ပိုအားစိုက်ပါမယ်။ မိတ်ဆွေက အခုမှ Prgramming ကို စလေ့လာမယ့်သူဆိုရင် Language ပင်လယ်ထဲမှာ ကူကယ်ရာမဲ့နေပါလိမ့်မယ်။ "Python ကို စလေ့လာရမလား၊ JavaScript လေးပဲ စလိုက်ရမလား၊ PHP က လူကြိုက်များတာပဲ" စသည်ဖြင့် ဘယ်ကစရမှန်းမသိ ဖြစ်နေနိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဖြစ်ခဲ့ဖူးပါတယ်။ တကယ်တော့ ဘယ် Language ကစပြီးလေ့လာပါစေ၊ အဓိကအရေးကြီးဆုံးက ပြဿနာတစ်ခုကို ဘယ်လို ချဉ်းကပ်ပြီး ဖြေရှင်းမလဲဆိုတာပါပဲ။ ဒါကြောင့် မိမိ အဆင်ပြေမယ့် Language တစ်ခုကို စလေ့လာပါ။ ပြီးရင် Project သေးသေးလေးတစ်ခုရေးကြည့်ပါ။ ရေးနေရင်းနဲ့ တဆင့်ပြီးတဆင့် ပေါ်လာတဲ့ ပြဿနာတွေကို အချိန်ယူဖြေရှင်းကြည့်ပါ။ Programming ဆိုတာ Syntax တွေကို အလွတ်ရနေတာထက် Logic ရေးနိုင်ဖို့က ပိုပြီး အရေးကြီးပါတယ်။ အဲဒီလို လေ့ကျင့်ခြင်းအားဖြင့် နောက်ပိုင်းမှာ တခြား Language အသစ်တွေကို လေ့လာတဲ့အခါ ပိုမို လွယ်ကူလာပါလိမ့်မယ်။ "Programming is 80% logic, 20% language. Master the logic first." ၂။ Tutorial တွေထက် မိမိကိုယ်ကို အားကိုးပါမယ်။ တကယ့်သင်ယူမှုဆိုတာ ကိုယ်တိုင်ဖန်တီးကြည့်တဲ့အခါမှ ရလာတာပါ။ YouTube ဗီဒီယိုတွေ၊ သင်တန်း ဗီဒီယိုတွေ ကြည့်ပြီး ပရောဂျက်တစ်ခုကို လိုက်လုပ်ကြည့်ပေမယ့် နောက်ရက်တွေမှာ အကုန် မေ့သွားတာမျိုး ဖြစ်တတ်ပါတယ်။ Tutorial တွေက သင်ကြားရေးအတွက် အထောက်အကူဖြစ်နိုင်ပေမယ့်၊ အဲဒီထဲကအတိုင်း တသွေမသိမ်း ကူယူးရေးသားတာက မှားယွင်းတဲ့ လေ့လာမှုပုံစံပါ။ တခြားသူတစ်ယောက် ရေးပြတာကို လိုက်ကူးရေးနေမယ်ဆိုရင် အရာအားလုံးက လွယ်ကူနေမှာပါ။ ဒါကြောင့် သင်ခန်းစာဗီဒီယိုတွေကို ထိုင်ကြည့်နေမယ့်အစား၊ တစ်ခုခုကို ကိုယ်တိုင်ဖန်တီးကြည့်ပါ။ နားမလည်နိုင်တဲ့ အရာတွေကို တဆင့်ချင်း ရှာဖွေလေ့လာပါ။ ကိုယ်ပိုင် Project အတွက် အချိန်ပေးတာဟာ Tutorial တွေ ကြည့်နေတာထက် ပိုပြီး တန်ဖိုးရှိပါတယ်။ "Don’t wait until you’re ready. Just build something. Mess it up. Fix it. Repeat." ၃။ နယ်ပယ်တူ သူငယ်ချင်းတွေ ရှာရပါမယ်။ Coding ရေးတယ်ဆိုတာ တစ်ယောက်တည်း လုပ်ရတဲ့ အလုပ်မဟုတ်ပါဘူး။ အရာအားလုံးကို တိုးတိုးတိတ်တိတ် ကိုယ့်ဘာသာကိုယ် လေ့လာလို့မရပါဘူး။ Coding ကို တစ်ယောက်တည်း လေ့လာတာက လုံးဝ မှားယွင်းတဲ့ လုပ်ရပ်ပါ။ ဒါကြောင့် ကိုယ်နဲ့ ဝါသနာတူတဲ့ သူငယ်ချင်းတွေ၊ Senior တွေ၊ အသင်းအဖွဲ့တွေနဲ့ အမြဲတမ်း ထိတွေ့ ဆက်ဆံနေဖို့ လိုအပ်ပါတယ်။ Facebook Group တွေ၊ Online Forum တွေ၊ Local Meetup နဲ့ Bootcamp တွေ စတာတွေမှာ ပါဝင်ဖို့ လိုပါတယ်။ Community တစ်ခုကို ဝင်ဖို့အတွက် ကျွမ်းကျင်သူ တစ်ယောက် ဖြစ်နေဖို့ မလိုအပ်ပါဘူး။ စောစော ဝင်ရောက်နိုင်လေ၊ မိတ်ဆွေအတွက် အကောင်းဆုံး အခွင့်အရေးတွေ ရရှိလေ ဖြစ်ပါတယ်။ အချင်းချင်း အကူအညီတောင်းခံတာ၊ ကိုယ်သိတာတွေ ပြန်လည် မျှဝေတာတွေကနေ အများကြီး သင်ယူနိုင်ပါတယ်။ "The journey is 10x better when you’re not walking it alone." Programmer တစ်ယောက်ဖြစ်ဖို့ အရာအားလုံးကို အကုန်သိနေဖို့ မလိုအပ်ပါဘူး။ ဒါပေမဲ့ အခုဖော်ပြခဲ့တဲ့အရာတွေကို ဦးစားပေး လုပ်ဆောင်မယ်ဆိုရင် မိတ်ဆွေဟာ ထင်ထားတာထက် အများကြီး ပိုပြီး တိုးတက်လာမှာ သေချာပါတယ်။ လေ့လာသူအားလုံး အဆင်ပြေကြပါစေ 💪 #codingtips #codingforbeginners #softwareengineer #webdevelopment #programmingmyanmar