Original caption
Fullstack လေ့လာတော့မယ်ဆိုရင် ဘာတွေအရင်စရမှန်းမသိဘဲ YouTube မှာတွေ့တဲ့ tutorial တွေ လျှောက်ကြည့်ရင်း လမ်းပျောက်ကြတာများပါတယ်။ တကယ်တမ်း လမ်းကြောင်းအမှန်ဖြစ်ဖို့ဆိုရင် တိကျတဲ့ Roadmap တစ်ခု အရင်ရှိဖို့ လိုပါတယ်။ တဆင့်ချင်းစီကို အောက်မှာ မျှဝေပေးထားပါတယ်။ ၁။ HTML နဲ့ CSS မှာ အချိန်အကြာကြီး မနစ်မြုပ်ပါနဲ့။ Layout ချနိုင်ရုံ Flexbox နဲ့ Grid လောက်ရသွားရင် JavaScript ကိုပဲ အဓိကထားပြီး ဖိလေ့လာသွားပါ။ အထူးသဖြင့် DOM manipulation နဲ့ API တွေဆီက data တွေ ရယူတဲ့ Fetch API ကို သေချာနားလည်ဖို့ အရေးကြီးပါတယ်။ ၂။ Frontend Framework တွေဘက် သွားတဲ့အခါမှာလည်း ဟိုဟာကောင်းနိုးနိုး ဒီဟာကောင်းနိုးနိုးနဲ့ လိုက်မလေ့လာပါနဲ့။ React တစ်ခုတည်းကို အရင်ဆုံး ပိုင်အောင်လုပ်ပါ။ Component တွေ ဘယ်လိုခွဲဆောက်မလဲ၊ State တွေကို ဘယ်လိုကိုင်တွယ်မလဲ၊ API data တွေကို UI ပမှာ ဘယ်လို render လုပ်မလဲဆိုတာ သေချာနားလည်မှာသာ Backend ဘက်ကို ဆက်သွားပါ။ ၃။ Backend စလေ့လာရင်လည်း Programming Language အသစ်တွေနဲ့ ထပ်မရှုပ်ဘဲ ကိုယ်သိထားပြီးသား JS နဲ့ပဲ Node.js / Express ကို သုံးပြီး CRUD REST API တွေ ရေးကြည့်ပါ။ အဲဒီနောက် PostgreSQL ဒါမှမဟုတ် MongoDB နဲ့ ချိတ်ပြီး Data သိမ်းဆည်းတာအပြင် User Login/Register နဲ့ JWT လိုမျိုး Security အပိုင်းတွေကိုပါ ထည့်သွင်းလေ့လာရပါမယ်။ ၄။ အရေးအကြီးဆုံးက လက်တွေ့ ရေးကြည့်ဖို့ပါပဲ။ သူများလုပ်ပြတာကို လိုက်ကြည့်ရုံတင် မဟုတ်ဘဲ Frontend ကနေ Backend အထိ ချိတ်ဆက်ထားတဲ့ Real Project တစ်ခုလုံးကို ကိုယ်တိုင် အစအဆုံး ဆောက်ပြီး Git, GitHub နဲ့ Cloud ပေါ် တကယ် Deploy လုပ်ကြည့်မှသာ တကယ့် Developer တစ်ယောက်အဖြစ် ရပ်တည်နိုင်မှာဖြစ်ပါတယ် ဒီ Roadmap အတိုင်း အခြေခံကနေ Advanced အထိ အဆင့်ဆင့် လက်တွေ့ Project တွေနဲ့အတူ လေ့လာချင်တဲ့သူတွေအတွက် "Fullstack Developer A-Z: Basic to Advance" Live Class ကို မကြာခင် စတင်တော့မှာ ဖြစ်ပါတယ်။ Fullstack ကို အခြေခံကနေ စနစ်တကျ လေ့လာချင်သွားတယ်ဆိုရင်တော့ အသေးစိတ် အချက်အလက်တွေကို Profile မှာ ဝင်ကြည့်လို့ရပါတယ်။ သိချင်တာရှိရင်လည်း Commment မှာ မေးထားခဲ့နိုင်ပါတယ်။ #fullstackdeveloper #programming #webdeveloper #codingforbeginners #learntocode