Hook

Their other posts in the index, biggest breakout first.
view ၁၀၀ ကနေ view ၁ သိန်းတိုးဖို့ ဒီအချက်ကနေစလုပ်ပါ၊ view ၅၀၀ မပြောနဲ့ ၂၀၀ တောင်အနိုင်နိုင်ဆိုတဲ့သူတွေ ဒီဗီဒီယိုကိုကြည့်သွားလို့ရပါတယ်။ အဲ့တော့ ဒီဗီဒီယိုမှာ view များအောင်လုပ်ဖို့အတွက် ဘာတွေလုပ်ရလဲဆိုတဲ့အချက်တွေကိုဖော်ပြသွားမှာဖြစ်ပါတယ်။ အဲ့တော့ ဒီတစ်ပုဒ်ထဲနဲ့ကတော့ သေချာတယ် အကုန်လုံးဆိုပါမှာမဟုတ်ဘူး၊ ဒါကြောင့်မို့လို့ ဒီနေရာမှာ ပထမဆုံးအရေးကြီးတဲ့အချက်တစ်ချက်ကိုဖော်ပြမယ်။ ပြီးရင် နောက်နေ့တွေ နောက်နေ့တွေ နောက်နေ့တွေမှာ တစ်ခုချင်းစီဖော်ပြသွားမယ် ကျွန်တော်စီရီလိုက်။ အဲ့ဒါကြောင့်မို့လို့ ကိုယ့်ရဲ့ဗီဒီယိုကို သေချာပေါက်ပေါက်ချင်တယ်ဆိုတဲ့သူတွေအနေနဲ့ ဒီနေရာကစပြီး ကျွန်တော့်ရဲ့ဗီဒီယိုတွေကို save သွား favorite လုပ်သွား၊ နေ့တိုင်းဝင်ကြည့်သွား။ ဘာပြီးရင်ဘာလုပ်ရမလဲဆိုတာ တစ်ခုပြီးတစ်ခုဖော်ပြသွားမယ် သိသွားလိမ့်မယ်။ အဲ့တော့ ဗီဒီယိုအဟောင်းတွေလည်း ရှာကြည့်နိုင်ရင်ရှာကြည့်သွား၊ ရှာမကြည့်နိုင်ဘူးဆိုရင် ဒီနေရာကစပြီး သေချာပေါက်ကြည့်သွားပေါ့နော်။ အဲ့တော့ view များအောင်လုပ်ဖို့ဆိုရင် ပထမဆုံးသိရမယ့်အရာတစ်ခုရှိတယ်၊ အဲ့ဒါကဘာလဲဆိုတော့ ကျွန်တော်တို့က content ဆိုတာဘာလဲဆိုတာသိရမယ်။ အဲ့တော့ မြန်မာလိုပြောမယ်ဆိုရင် အကြောင်းအရာဆိုတာဘာလဲဆိုတာ ကျွန်တော်တို့သိရမယ်။ အဲ့တော့ လူတော်တော်များများက အကြောင်းအရာဆိုတာဘာမှန်းမသိသေးတဲ့အတွက်ကြောင့်မို့လို့ ဘာတင်လို့တင်ရမှန်းမသိသေးတာ။ အဲ့လိုမတင်တဲ့အတွက်ကြောင့်မို့လို့ ဘာတင်လို့တင်ရမှန်းမသိသေးတဲ့အတွက်ကြောင့်မို့လို့ ကိုယ့်ဗီဒီယိုကမပေါက်သေးတာပေါ့။ ဒါကလည်းမထူးဆန်းဘူး၊ လူတော်တော်များများက ကျွန်တော်တို့က ကိုယ့်ကိုကိုယ်ရှာမတွေ့တာသဘာဝပေါ့နော်။ အဲ့တော့ ဟုတ်ပြီ၊ ဒါဆိုရင် ကျွန်တော်တို့က အကြောင်းအရာဆိုတာဘာလဲဆိုတာ ကျွန်တော်အရင်ပြောပြပေးမယ်။ ဘာကြောင့်မို့လဲဆိုတော့ ကျွန်တော်တို့က အကြောင်းအရာကိုဖန်တီးရမှာဖြစ်တဲ့အတွက်ကြောင့်မို့ အကြောင်းအရာဆိုတာအရင်သိရမယ်။ အဲ့တော့ အကြောင်းအရာသည် လွယ်လွယ်လေးပဲ ကျွန်တော်လွယ်တဲ့နေရာကနေ ကျွန်တော်စပြောပေးမယ်။ အဲ့တော့ အကြောင်းအရာဆိုတာဘာလဲ။ ကဲ လူတစ်ယောက်နေ့စဉ်လုပ်လုပ်တဲ့ ကျွန်တော်အမျိုးသမီးတွေနဲ့ပဲ အရင်တင်ပြောလိုက်မယ်။ အဲ့တော့ အမျိုးသမီးတွေသည်ဘာလုပ်လဲ၊ ဟင်းချက်တာ။ ထမင်းချက်တယ် ဟင်းချက်တယ်။ အဲ့ဒီထမင်းချက်တာ ဟင်းချက်တာသည် အကြောင်းအရာပဲ။ ကလေးထိန်းတယ်၊ ကလေးထိန်းတာသည် အကြောင်းအရာပဲ။ အိမ်သန့်ရှင်းရေးလုပ်တယ်၊ အိမ်သန့်ရှင်းရေးလုပ်တာသည် အကြောင်းအရာပဲ။ ကဲ ဝန်ထမ်းတွေအလုပ်သွားတယ်၊ အလုပ်ပြန်လာတယ်။ အလုပ်သွားတာသည် အလုပ်ပြန်လာတာသည် အကြောင်းအရာပဲ။ အလုပ်ထဲမှာအလုပ်လုပ်တာသည် အကြောင်းအရာပဲ။ ဒါဆိုရင် ကျွန်တော်တို့အကြောင်းအရာကိုနားလည်သွားပြီ။ နော်။ အဲ့တော့ အကြောင်းအရာဆိုတာဘယ်ထဲကဆွဲထုတ်ရမလဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက်ကမတူတဲ့အတွက်ကြောင့်မို့လို့ ကိုယ့်ရဲ့ lifestyle ထဲက၊ ကိုယ့်ရဲ့နေ့စဉ်ဘဝတွေထဲကနေပြီးတော့ ကျွန်တော်တို့က ဆွဲထုတ်ရမယ်။ အဲ့တော့ content တွေကိုဒီဇိုင်းမမတ်တည်ဆောက်နိုင်ဖို့အတွက် ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ ကိုယ်ဘာတွေလုပ်နေလဲ၊ အဲ့ဒီလုပ်နေတဲ့အရာကို ဖန်တီးတတ်တယ်ဆိုရင်ရပြီ။ ဖန်တီးတယ်ဆိုတာ အဲ့ဒီထမင်းချက်ရင် ထမင်းချက်တာကိုလူစိတ်ဝင်စားအောင်ဖန်တီးတတ်ရင်၊ သန့်ရှင်းရေးလုပ်ရင် သန့်ရှင်းရေးလုပ်တာကိုလူစိတ်ဝင်စားအောင်ဖန်တီးတတ်ရင်၊ ကလေးထိန်းရင် ကလေးထိန်းတာကိုလူစိတ်ဝင်စားအောင်ဖန်တီးတတ်ရင်၊ ရုံးသွားရင် ရုံးသွားတဲ့အရာကိုလူစိတ်ဝင်စားအောင်ဖန်တီးတတ်ရင်၊ ရုံးပြန်ရင် ရုံးပြန်တဲ့အရာကိုလူစိတ်ဝင်စားအောင်ဖန်တီးတတ်ရင်၊ အဲ့ဒီဗီဒီယိုကပေါက်ပြီ။ အဲ့တော့ ဒီထက်ပိုတဲ့အရာလေးလည်းရှိသေးတယ်။ အခုကကျတော့ ကျွန်တော်တို့က အကြောင်းအရာနဲ့တည့်ပြီးပြောတာ။ အကြောင်းအရာသည် ခက်ခက်ခဲခဲမဟုတ်ဘူး၊ အဲ့ဒီအကြောင်းအရာကို ကျွန်တော်တို့ကသိသွားတယ်ဆိုရင်ရပြီ။ သိသွားမှ အဲ့ဒီအကြောင်းအရာကိုကိုယ်ကဖန်တီးလို့ရမှာ၊ နေ့စဉ်ဖန်တီးလို့ရမှာ။ အဲ့တော့ ဒီဟာက ကျွန်တော်တို့ဗီဒီယိုပေါက်ဖို့အတွက် အရေးတကြီးလိုအပ်တဲ့အချက်ဖြစ်ပါတယ်။ ကိုယ့်ဗီဒီယိုတွေကိုပေါက်ချင်တယ်ဆိုရင် view တွေများချင်တယ်ဆိုရင် ကိုယ့်နေ့စဉ်လုပ်နိုင်တဲ့အကြောင်းအရာတစ်ခုကိုအရင်ဆုံးရှာလိုက်ပါ။ ခက်ခက်ခဲခဲမစဉ်းစားပါနဲ့၊ သူများတွေကတော့လိုက်ကရမယ်မလုပ်ပါနဲ့၊ သူများတွေသရုပ်ဆောင်လို့သရုပ်ဆောင်မယ်လိုက်မလုပ်ပါနဲ့။ ကိုယ့်ရဲ့နေ့စဉ်ဘဝထဲမှာကိုယ်နေ့တိုင်းဘာလုပ်နေလဲ အရာတစ်ခုကိုရှာလိုက်၊ အဲ့ဒါအလွယ်ကူဆုံးပဲ။ အဲ့ဒီအရာကိုလူစိတ်ဝင်စားအောင်ဖန်တီးတတ်တယ်ဆိုရင် ကျွန်တော်တို့ဗီဒီယိုတွေက လူအများလက်ခံနိုင်မယ့်ဗီဒီယိုတွေဖြစ်လာလိမ့်မယ်။ အဲ့တော့ ဒီနေ့အတွက် ဒီချက်လေးကို ကျွန်တော်အရင်ဆုံးမျှဝေပါတယ်။ နောက်နေ့မှာ ဗီဒီယိုတွေပေါက်ဖို့အတွက်လိုအပ်မယ့်အချက်တစ်ချက်ချင်းစီ တစ်ချက်ချင်းစီကို ဆက်တိုက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော့်အကောင့်လေးကို follow လုပ်ခဲ့ပါ၊ ဗီဒီယိုတွေကိုနေ့စဉ်ရက်ဆက် save သွား၊ ကြည့်သွားပါ။ နားလည်တာတွေကိုမှတ်ထဲမှာမှတ်သွားလို့ရပါတယ်။ နေ့စဉ်ကြည့်သွားမယ်ဆိုရင် ရလဒ်တစ်ခုထွက်လာမယ်၊ ထွက်လာမယ်လို့အာမခံပါတယ်။ အဲ့တော့ အဆင်ပြေပါစေ၊ နောက်ဗီဒီယိုမှာပြန်တွေ့ပါဦးမယ်။ ကျေးဇူးပါ။