Hook

မြန်မြန်ဆန်ဆန် ရပ်တည်မှုရချင်တဲ့သူတွေ လုပ်ရမယ့် content။ ကျွန်တော်တို့ live မှာ ရပ်တည်မှုရဖို့ဆိုတာ ဒီ content idea တွေ အသက်ပဲ။ ကျွန်တော်တို့ သူလို ကိုယ်လို လုပ်နေတဲ့ content တွေကို live လုပ်နေရုံနဲ့ ကျွန်တော်တို့ ပေါက်ဖို့ဆိုတာ ခဲယဉ်းတယ်ပေါ့။ ဒါကြောင့်မို့ အရင်ဆုံး ကျွန်တော်တို့ အကြံဉာဏ်ထုတ်တာ ကျွန်တော်တို့ ကောင်းတယ်။ ဆိုတော့ ဒီ content idea ဆိုတဲ့အရာကလည်း ကိုယ့်အနေနဲ့ ဘယ်လို content မျိုးကို စလုပ်မလဲဆိုတာကနေ စတယ်ပေါ့။ ဆိုတော့ ကျွန်တော် အခု အကြံပြုချင်တဲ့ content က ဘာလဲဆိုတော့ comment reaction။ comment တွေကို reaction ပေးတာ။ reaction ဆိုတာ ကျွန်တော်တို့ တုံ့ပြန်မှုပေါ့။ ဆိုတော့ live မှာ သီချင်းတွေကို reaction လုပ်တဲ့သူတွေ ရှိတယ်။ ပါပြီးသား video တွေကို reaction လုပ်တဲ့သူတွေ ရှိတယ်။ ဘောလုံးပွဲတွေကို reaction လုပ်တဲ့သူတွေ ရှိတယ်။ စကားတွေကို reaction လုပ်တဲ့သူတွေ ရှိတယ်။ တချို့တွေဆိုရင် ဒီ music တွေကို reaction လုပ်တဲ့သူတွေ ရှိတယ်။ reaction ဆိုတာ ကျွန်တော်တို့ တုံ့ပြန်မှုပြုတာပေါ့။ အခု ကျွန်တော်တို့ လုပ်မယ့်အရာက ကျတော့ comment reaction။ comment တွေကို reaction ပေးတာ။ အဲ့တော့ live မှာ ရှိတဲ့ post တိုင်း post တိုင်းမှာ ဒီ TikTok မှာ ရှိတဲ့ post တိုင်း post တိုင်းမှာ ပါပြီးသား video တွေအောက်မှာ comment တွေ ရှိတယ်။ အမြင်မတူတဲ့ comment တွေ ရှိတယ်။ ရယ်စရာ comment တွေ ရှိတယ်။ အသိပညာယူရမယ့် comment တွေ ရှိတယ်။ သတိပြုဆင်ခြင်ရမယ့် comment တွေ ရှိတယ်။ ထောက်ပြရမယ့် content တွေ ကျွန်တော်တို့ ရှိတယ်။ အဲ့ဒီအပေါ်မှာ ရယ်ရရင် ရယ်ရတဲ့ reaction ပေးမှာပေါ့။ တုံ့ပြန်မှုတွေ ကျွန်တော်တို့ ပေးမှာ။ ချီးမွမ်းစရာ ရှိတယ်ဆိုရင် ဒါကို ချီးမွမ်းမှာပေါ့။ အဲ့ဒါမျိုးကို ကျွန်တော်တို့က reaction ပေးတယ်လို့ ခေါ်တာ။ အဲ့တော့ ဒီဟာလေးက လုပ်တဲ့သူက နည်းသေးတယ်။ ဒါကြောင့်မို့ ကိုယ့်အနေနဲ့ live မှာ ပါဝင်ချင်တယ်၊ နေရာတစ်ခုရချင်တယ်၊ အောင်မြင်မှုရချင်တယ်ဆိုရင် reaction လုပ်နည်း video တွေကို လေ့လာပြီးတော့ comment reaction လုပ်သင့်တယ်ဆိုတာလေးကို အကြံပြုချင်ပါတယ်။ သိချင်တာတွေ ရှိတယ်ဆိုရင် comment ထဲမှာ မေးခဲ့လို့ ရပါတယ်။ နောက် video မှာ ပြန်တွေ့ရဦးမယ်။ ကျေးဇူးပါ။
Their other posts in the index, biggest breakout first.