Hook

လူတော်တော်များများ video မပေါက်ရတဲ့ အကြောင်းအရင်း ၂ ချက်။ အဲ့ဒီ ၂ ချက်ကို ကျွန်တော်တို့ မလုပ်ဘူးဆိုရင် ဒီ social media ပေါ်မှာ ရပ်တည်ဖို့ဆိုတာ အဆင်ပြေသွားလိမ့်မယ်။ လွယ်ကူသွားလိမ့်မယ်။ အဲ့တော့ အုတ်ရောရော ကျောက်ရောရော မလုပ်နဲ့ ဆိုတာ ဘာပြောတာလဲဆိုတော့ ကိုယ်က ဘာလုပ်လို့ လုပ်နေမှန်း မသိတဲ့ အခြေအနေမျိုးမှာ မနေနဲ့။ ပြောချင်တာက video တွေ ဖန်တီးမယ်။ ငါ ဘယ်လို video တွေ လုပ်ချင်တာလဲ။ ဘယ်လို content တွေ လုပ်ချင်တာလဲ။ blog တွေ လုပ်ချင်တယ်ဆိုရင် အဲ့ဒီ blog ကိုပဲ သန်သွား။ တောက်လျှောက်သွား။ entertainment, entertainment တောက်လျှောက်သွား။ review, review ကို တောက်လျှောက်သွား။ reaction, reaction ကို သွား။ knowledge sharing, knowledge sharing ကို သွား။ အဲ့လိုမျိုး ကျွန်တော်တို့ တစ်ခုခုကို ကျွန်တော်တို့က ရွေးပြီးတော့ သွား။ ကိုယ်က အလုပ်သို ဒီလိုလုပ်သလို ရောင်ဝါးလုပ်မနေနဲ့။ တကယ်တမ်း ကျွန်တော်တို့ ဇာတ်တိုက် ကျွန်တော်တို့ လုပ်တော့မယ့် ဟေ့ ဆိုရင် အဲ့လိုမျိုး ကျွန်တော်တို့ ရောထွေးနေလို့ မရဘူး။ နောက်တစ်ခုက ဝါသနာကောင်းတဲ့ လမသာနဲ့ ဆိုတာက ကျတော့ အခု ကျွန်တော်တို့ content တွေ ကျွန်တော်တို့ ရွေးချယ်လိုက်တယ်ပေါ့။ ရွေးချယ်လိုက်တဲ့ အခါကျရင် ကိုယ်လုပ်ချင်သလို လုပ်ပြီးတော့ ကိုယ်တင်ချင်သလို တင်ပြီးတော့ ကျေနပ်နေလို့ မရဘူး။ အဲ့ဒီ နယ်ပယ်ကို စောင့်ကြည့်ဖို့ ကျွန်တော်တို့က လုပ်ရမယ်။ ဥပမာ ကျွန်တော်တို့ entertainment နယ်ပယ်ကို ရွေးချယ်လိုက်တယ်ပေါ့။ ဖျော်ဖြေရေးတွေ ကျွန်တော်တို့ လုပ်တယ်။ အဲ့တော့ လုပ်တဲ့အခါကျရင် နောက်ခံသီချင်းလေးဖွင့်ပြီးတော့ camera ရှေ့မှာ ကျွန်တော်တို့ ဟုတ်လား မျက်နှာလေးအပ်ပြီးတော့ ခေါင်းလုပ်ခြေလုပ်လေး လုပ်နေရုံနဲ့ကတော့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ အဲ့တော့ ကိုယ်က entertainment ရွေးချယ်မယ် ဟေ့ ဆိုရင် အဲ့ဒီ entertainment နယ်ပယ်ကို ကျွန်တော်တို့ စောင့်ကြည့်။ သူများတွေ ဘယ်လိုလုပ်နေလဲ။ ဘယ်လိုလုပ်မှ ထောက်ခံအားပေးမှု ရနေတာလဲ။ ရပ်တည်မှု ရနေတာလဲ။ ငါ့အနေနဲ့ကော ဘယ်လိုလုပ်ရမလဲ။ အဲ့လိုလုပ်တဲ့ ထဲကမှ ကိုယ့်အနေနဲ့ ဘယ်လိုစမ်းသပ်သင့်အောင်လို့ လုပ်ရမလဲ။ ဘယ်လို တည်ထွင်ရမလဲ။ ဘယ်လို ကျန်စားရမလဲ။ လူတွေ attention မိအောင်လို့ ဘယ်လိုမျိုး ကျွန်တော်တို့ လုပ်ရမလဲ။ engagement တက်အောင်လို့ ဘယ်လိုလုပ်ရမလဲ။ အဲ့ဒီဟာမျိုးလေးကိုတော့ ကျွန်တော်တို့က တစ်ချက်စောင့်ကြည့်တက်ရတယ်။ မဟုတ်ဘဲနဲ့ မျက်စိစုံမှိတ်ပြီးတော့ ကိုယ်လုပ်ချင်သလို ကျွန်တော်တို့ လုပ်နေတယ် ဟေ့ ဆိုရင်တော့ ဘယ်လိုမှ ကျွန်တော်တို့ အဆင်ပြေမှု ဆိုတာ ရှိလာမှာ မဟုတ်ဘူး။ အဲ့တော့ အခု ကျွန်တော် အကောင့်စစ်ပေးနေတဲ့ သူ အကောင့် တော်တော်များများမှာ လိုအပ်နေတဲ့ အချက်က ဒီ ၂ ချက်ပေါ့နော်။ ကိုယ်ဘာလုပ်လုပ်နေမှန်း ဆိုတာ ကိုယ်မသိဘူး။ ရောထွေးနေတယ်။ ရှုပ်ထွေးနေတယ်။ နောက်တစ်ခုက ကျတော့ ကိုယ်ရွေးချယ်ထားတဲ့ content နယ်ပယ်ကို စောင့်မကြည့်ဘူး။ ကိုယ်လုပ်ချင်သလိုလေး လုပ်ပြီးတော့ ကျွန်တော်တို့ နေနေတာပေါ့နော်။ အဲ့တော့ အဲ့လိုမျိုး ဆိုရင်တော့ ကျွန်တော်တို့ ဘယ်လိုမှ view တွေ များဖို့ ဆိုတာလည်း ကျွန်တော်တို့ ရှိလာမှာ မဟုတ်ဘူး။ ပေါက်ဖို့ ဆိုတာလည်း ရှိလာမှာ မဟုတ်ဘူး။ ဝင်ငွေရှာဖို့ ဆိုတာ ဝေးလာဝေး ဆိုတဲ့ အခြေအနေမှာ ရှိနေမှာ ပေါ့နော်။ အဲ့တော့ ဒီဟာလေးက လူတော်တော်များများ ကျွန်တော်တို့ လုပ်မိနေတဲ့ အချက်လေးကို ကျွန်တော်အနေနဲ့ ထောက်ပြပေးတာ ဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ သိချင်တာတွေ ရှိရင် comment ထဲမှာ မန့်ခဲ့လို့ ရပါတယ်။ နောက် video မှာ ပြန်တွေ့ပါဦးမယ်။ ကျေးဇူးပါ။
Their other posts in the index, biggest breakout first.