Hook

view ၁၀၀ မူ view ၁ သိန်းသို့ Day-1။ ဒီနေ့ကတော့ view ၁၀၀ ကနေပြီးတော့ view ၁ သိန်းတိုးဖို့အတွက် ပထမဆုံးလုပ်ရမယ့် အချက်လေးကို ကျွန်တော်မျှဝေပေးပါမယ်။ အဲ့ဒါကတော့ တခြားသူတွေကို ကြည့်ပါ။ ပြီးရင် ကိုယ့်ကိုယ်ကို ရှာပါ။ ဆိုတဲ့ အချက်လေးဖြစ်ပါတယ်။ အဲ့တော့ ဒီအချက်လေးကို ကျွန်တော်မှတ်ထားပေးပါ။ ပထမဆုံးလုပ်ရမယ့် ဟာတစ်ခုကတော့ တခြားသူတွေကို ကြည့်ပါ။ ပြီးရင် ကိုယ့်ကိုယ်ကို ရှာပါ။ အဲ့တော့ တခြားသူတွေကို ဘယ်လိုကြည့်မလဲဆိုတာ လွယ်တယ်။ အခု ကျွန်တော်ပြထားတဲ့ အရာလေးတွေ ဒီစာလေးတွေကို search box ထဲမှာ သွားပြီးတော့ ရိုက်ရှာကြည့်။ နော် အဲ့မှာဆို ကျွန်တော်တို့ daily vlog လေးတွေပါမယ်၊ mini vlog လေးတွေပါမယ်၊ review video လေးတွေပါမယ်၊ reaction video လေးတွေပါမယ်၊ knowledge sharing လေးတွေပါမယ်၊ education လေးတွေပါမယ်။ အဲ့တော့ အဲ့ဒါတွေကို သွားကြည့်ခြင်းအားဖြင့် ကိုယ်က ဘာရမှာလဲဆိုတော့ တခြားသူတွေ လိုင်းပေါ်မှာ ဘာတွေလုပ်နေကြတာလဲ။ အဲ့ဒါကို ကျွန်တော်သွားတွေ့မယ်။ မဟုတ်ဘူးဆိုရင် ကျွန်တော်ဘာဖြစ်လဲဆိုတော့ ကျွန်တော်တို့က for you လောက်ပဲ တက်ပြီးတော့ ကြည့်နေတယ်ဆိုရင် ကိုယ်က ကိုယ်ကြည့်တဲ့ အရာဝယ်ပြတယ်ဆိုတော့ ပေါ့နော်။ ကိုယ်က entertainment ကြည့်မိတယ်ဆိုရင် entertainment ပဲလာတာ။ အဲ့တော့ ကိုယ့်ရဲ့ အမြင်က ကျတော့ ကျဉ်းသွားတယ်ပေါ့။ ဘောင်ကျဉ်းသွားတယ်။ ဪ လူတွေအားလုံး entertainment လုပ်နေကြတာပဲ။ ငါလည်း entertainment လုပ်မယ်ဖြစ်သွားရောပေါ့နော်။ အဲ့တော့ အဲ့လိုမဟုတ်ဘဲနဲ့ ကျွန်တော်တို့က search box မှာ တခြားသူတွေ ဘာလုပ်လဲဆိုတာကို ကျွန်တော်တို့ ရိုက်ရှာရတယ်။ အဲ့တော့ ဒီမှာပြောတဲ့ အချက်တွေကို ကျွန်တော်တို့ အရင်ဆုံး ရိုက်ရှာကြည့်လိုက်။ ရှာကြည့်တဲ့ အခါကျရင် ပြည်တွင်း ပြည်ပက TikTok user တွေ content creator တွေ ဘာလုပ်နေလဲဆိုတာ ကျွန်တော်တို့ သွားတွေ့လိမ့်မယ်။ အဲ့တော့ တွေ့တဲ့ အခါကျရင် ကျွန်တော်တို့က သေသေချာချာကြည့်ပေါ့နော်။ သေချာကြည့်တယ်ဆိုတာ ဒီလိုမုံလေးပေါ့။ ကျွန်တော်တို့က တခြားသူတွေလုပ်တဲ့ အရာကို ကြည့်ရှုသူအနေနဲ့ မဟုတ်တော့ဘဲနဲ့ လေ့လာသူအမြင်နဲ့ကြည့်။ သူတို့ ဘယ်လိုတွေလုပ်နေလဲဆိုတာကို မြင်အောင်ကြည့်ခဲ့ပေါ့နော်။ မြင်အောင်ကြည့်ပြီးတဲ့ အခါကျရင် ပြန်စဉ်းစားရတော့မယ်။ အဲ့တော့ ပြန်စဉ်းစားတယ်ဆိုတာ ကိုယ့်ကိုယ်ကို ပြန်ကြည့်တော့မယ်။ ဪ ဒီလိုင်းပေါ်က လူတွေက ဒီလိုတွေလုပ်နေပါလား။ ငါ့အနေနဲ့ရော ဘာလုပ်လို့ရလဲပေါ့။ နော် အဲ့ဒါလေးကို ကျွန်တော်တို့က စဉ်းစားရမယ်။ အဲ့တော့ video လေးတွေလိုက်ကြည့် daily vlog လေးက ငါနဲ့ကိုက်လား။ reaction video လေးတွေက ငါနဲ့ကိုက်လား။ review video လေးတွေက ငါနဲ့ကိုက်လားပေါ့နော်။ အဲ့တော့ knowledge sharing ပြီးရင်ရော ဘယ်လိုလုပ်လို့ရလဲ။ နော်။ education content လေးတွေ သူများတွေ ဘယ်လိုလုပ်နေလဲ။ အဲ့တော့ ဒီနေရာမှာ ကျွန်တော်နောက်ထပ်တစ်ခု မှာချင်တာက ကျတော့ ကျွန်တော်တို့ တခြားသူတွေကို သွားကြည့်တဲ့ အခါကျရင် ပေါက်ပြီးသား video တွေဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ အနေနဲ့ ငါ ဒီလိုလုပ်နိုင်ပါ့မလားဆိုတာမျိုး စိတ်ဓာတ်လေး နည်းနည်းကျသွားတတ်တယ်။ အဲ့တော့ ဒီအချက်လေးက ကျွန်တော်တို့ သတိထားရမယ်နော်။ အဲ့တော့ ပြောချင်တာက ကျတော့ ဒီအခုပေါက်နေတဲ့ လူတွေသည်လည်း အစောပိုင်းကာလတုန်းက သူတို့တွေလည်း view ၁၀၀ view နေရာလေးနဲ့ စပြီးတော့ လုပ်ခဲ့ကြတာ။ အရမ်းကောင်းတဲ့ video တွေ မရှိဘူး။ သူတို့လုပ်တဲ့ သူတို့လေးလုပ်ရင်း လုပ်ရင်း ပြုပြင်မွမ်းမံရင်း update လုပ်ရင်းနဲ့ ကောင်းသထက်ကောင်းလာတာပေါ့နော်။ အဲ လေ့လာမှု စဉ်းစားမပျက်လုပ်ရင်းနဲ့ ကျွန်တော်တို့က ကောင်းသထက်ကောင်းလာတာပေါ့။ အဲ့ဒီအချက်ကို ကျွန်တော်တို့က သိရမယ်။ အဲ့တော့ ကိုယ်သည်လည်း အဲ့ဒီထဲကနေ ဘာလုပ်နိုင်မလဲကြည့်မယ်။ ကြည့်ပြီးတဲ့ အခါကျရင် ကျွန်တော်တို့က စလုပ်ကြည့်မယ်။ စမ်းလုပ်ကြည့်မယ်ပေါ့နော်။ ဘာလေးနဲ့ကိုက်လဲဆိုတာ စမ်းလုပ်ကြည့်မယ်။ အဲ့တော့ ဒီနေရာမှာ ကျွန်တော်ပြောဖူးပါတယ်။ ကျွန်တော်သည်လည်း စမ်းလုပ်ခဲ့တယ်။ ၁၇ ရက်ကြာတယ်။ ဟိုဟာလေးလုပ်ကြည့် ဒီဟာလေးလုပ်ကြည့်နဲ့ ကျွန်တော်တို့ စမ်းလုပ်ခဲ့တာပေါ့နော်။ နောက်ဆုံးကျမှ ကိုယ်နဲ့ကိုက်တဲ့ အရာလေးတစ်ခု လမ်းကြောင်းလေးတစ်ခုကို တွေ့ပြီးတော့ အဲ့ဒါကို ဒီဇိုင်းမမှတ်လုပ်တဲ့ အခါမှာ ကျွန်တော်တို့ ဒီအခြေအနေတစ်ခုကို ရောက်လာတာပေါ့။ ဒါကြောင့်မို့ ကျွန်တော်အနေနဲ့ အကြံဉာဏ်ပေးချင်တာက ကျတော့ ကျွန်တော်တို့ရဲ့ ဒီ challenge မှာ မပါဝင်တဲ့သူတွေ အနေနဲ့ တခြားသူတွေကို လိုက်ကြည့်ပါ။ ပြီးရင် ကိုယ့်ကိုယ်ကို အရင်ဆုံး ရှာတွေ့အောင်လုပ်ပါ။ ရှာတွေ့အောင်လုပ်ဆိုတာ ကျတော့ ငါကော ဘယ်လိုအကြောင်းအရာလေးတွေကို ဖန်တီးရင် အဆင်ပြေမလဲဆိုတဲ့ အရာတစ်ခုကို သိဖို့ပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ကိုယ်လုပ်နိုင်တဲ့ အကြောင်းအရာတစ်ခုကို မရှာမတွေ့မချင်း ကျွန်တော်တို့ အဲ့ဒါကို ဖန်တီးလို့မရဘူး။ နော်။ content creator ဆိုတာက ကျတော့ အကြောင်းအရာတွေကို ဖန်တီးသူပေါ့။ နော်။ အကြောင်းအရာကို ဖန်တီးတဲ့မှာ ဖြစ်တဲ့ အတွက်ကြောင့်မို့ အဲ့ဒီအကြောင်းအရာကို ကျွန်တော်တို့ အရင်ဆုံး သိဖို့လိုတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ Day-1 အနေနဲ့ ကျွန်တော်မျှဝေချင်တာက ကျတော့ တခြားသူတွေကို လိုက်ကြည့်ပါ။ ပြီးရင် ကိုယ့်ကိုယ်ကို တွေ့အောင်ရှာပါ။ အဲ့ဒါကို အချိန် အရမ်းကြာကြီးတော့ မပေးပါနဲ့ နော်။ အဲ့တော့ နောက်နေ့ကျရင်လည်း ကျွန်တော်တို့ ထပ်လုပ်ရမယ့် အရာလေးတွေကို ကျွန်တော်ဆက်မျှဝေပေးပါမယ်။ ကျွန်တော်တို့ ရက်ပေါင်း ၉၀ ထိ တူတူ view တွေ တိုးသထက်တိုးအောင်လို့ လုပ်ဆောင်သွားကြရအောင်နော်။ အဲ့တော့ ဟုတ်ပါပြီ။ အဲ့တော့ ကြည့်ရှုနားထောင်ပေးတဲ့ အတွက်ကြောင့်မို့လို့ ကျေးဇူးပါ။
Their other posts in the index, biggest breakout first.