Hook

Their other posts in the index, biggest breakout first.
Blackmagic cameraနဲ့ ရိုက်ထားတဲ့ videoတွေကို အပြင်ကို export ထုတ်နည်းကို အရင်က ဘယ်လိုပြန်ထုတ်လဲ broဆိုပြီးတော့ မေးထားလို့ပါ။ ဆိုတော့ ကျွန်တော်ပြပေးပါမယ်။ ဆိုတော့ ပထမဆုံးအနေနဲ့ ကျွန်တော် Blackmagic camera appထဲကို ဝင်လိုက်ပါမယ်။ အိုကေ။ ဝင်ပြီးသွားပြီဆိုရင် ကျွန်တော်တို့ ဒီအောက်မှာ mediaဆိုတာ ရှိတယ်။ ဒါဆိုရင်တော့ ကျွန်တော်တို့ အဲ့ရိုက်ထားပြီးသား videoတွေပေါ့နော်။ ကျွန်တော် ပထမဆုံးအနေနဲ့က ကျွန်တော် mediaကို နှိပ်လိုက်ပြီးတော့ ဒီအပေါ်မှာ မြှားလေးရှိတယ်။ အဲ့ကောင်လေးကနေပြီးတော့မှ ကျွန်တော်တို့ ဒီ save to fileနှိပ်ချင်လည်း ရတယ်။ ဒီမှာ save videoဆိုတာ ရှိတယ်။ အဲ့ကနေ saveချင်လည်း saveလို့ရပါတယ်။ ဒါမှမဟုတ်ရင် auto saveတဲ့နည်းလည်း ရှိတယ်။ settingထဲကို ဝင်လိုက်မယ်။ ဝင်ပြီးသွားလို့ရှိရင် media tabကို ရှာလိုက်ပါမယ်။ အိုကေ ဒီမှာပါ။ media tab တွေ့သွားပြီ။ media tabမှာဆိုရင် ကျွန်တော်တို့က ဒီမှာ save clip toဆိုတာ ရှိတယ်။ အဲ့မှာဆိုရင် ကျွန်တော်တို့ in-app onlyဆိုတာက ကျွန်တော်တို့ ဒီ appထဲမှာပဲ ရိုက်ပြီးသွားတဲ့အခါကျတော့ သူကသူ saveနေမှာပါ။ ဒီ in-app and photo libraryဆိုတာကို သွားနှိပ်ပေးရပါမယ်။ အဲ့ဒီမှာမှ ကျွန်တော်တို့က ရိုက်ပြီးတဲ့အခါမှာ တစ်ခါတည်း ကျွန်တော်တို့ galleryထဲ မသွားပြီးတော့ ပေါ်နေမှာ ဖြစ်ပါတယ်။ ဒီ in-app onlyနဲ့ ကျွန်တော်အရင် စမ်းပြပါမယ်။ အိုကေ။ ဒီမှာဆိုရင် ကျွန်တော်တို့ video ရိုက်လိုက်ပါမယ်။ ရိုက်ပြီးသွားလို့ရှိရင် ဒီ videoက ကျွန်တော်တို့ ဒီ Blackmagic camera appထဲမှာပဲ ဝင်နေမှာပါ။ အိုကေ ဒီမှာပါ။ ဒီ videoလေးပါ။ ကျွန်တော် galleryထဲကို သွားကြည့်လိုက်ပါမယ်။ အိုကေ။ ဒီမှာဆိုရင် ခုနက video ဝင်မနေဘူးပေါ့နော်။ ဆိုတော့ အဲ့ videoကို ပြန် saveဖို့ဆိုရင် ကျွန်တော်တို့က Blackmagic camera appထဲကို ပြန်သွားပြီးတော့ ဒီမြှားလေးကနေ ကျွန်တော်တို့ ဒီမှာ save to fileနှိပ်ချင်လည်း ရတယ်။ save to videoလည်း save videoဆိုတာလည်း နှိပ်လို့ရပါတယ်။ အိုကေ။ နောက်တစ်ခါ ကျွန်တော်တို့ media tabကို ပြန်သွားမယ်။ save clip toမှာ in-app and photo libraryဆိုတာကို နှိပ်ပေးလိုက်မယ်။ ဒါဆိုရင် ကျွန်တော်တို့ အသစ်ရိုက်လိုက်မယ့် videoက ကျွန်တော်တို့ ဒီ Blackmagic camera appထဲမှာပဲ မဟုတ်တော့ဘူး။ galleryထဲမှာလည်း သူဘာသူ auto ရောက်နေမှာပါ။ အိုကေ ဒါကတော့ ခုနက ရိုက်လိုက်တဲ့ videoပါ။ ဒီမှာ galleryထဲ ကြည့်လိုက်မယ်ဆိုရင် ဒီမှာ auto ရောက်လာမှာပါ။ ဒီမှာဆိုရင် Blackmagic camera appနဲ့ သူက ပေါ်နေပါမယ်။ ဆိုတော့ ကျေးဇူးတင်ပါတယ်။ နောက် videoတွေအတွက် followထားခဲ့ဖို့ မမေ့ပါနဲ့။ See you guys.