Hook
More breakout videos from this creator.
အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့မှာ မျှဝေပေးမှာကတော့ ဒီ မလေးရှားဗီဇာကို အွန်လိုင်းကနေပြီးတော့ ကိုယ်တိုင် အလွယ်တကူ လျှောက်လို့ရတဲ့ နည်းလမ်းလေးကို မျှဝေပေးသွားမှာပါ။ ဒီ ဗီဒီယိုလေးထဲမှာ အစ်မ သေချာ အသေးစိတ်ပေါ့နော် step by step သေချာလေး ပြောပြပေးထားပါတယ်။ ဒီ ဗီဇာလျှောက်တဲ့ process လေးကတော့ ဒီ စင်ကာပူမှာ နေထိုင်တဲ့ long term pass holder တွေပေါ့နော် WP, EP, S pass သမားတွေအတွက် ပြပေးထားတာ ဖြစ်ပါတယ်။ ဒီ မလေးရှားဗီဇာကို အွန်လိုင်းက လျှောက်မယ်ဆိုလို့ရှိရင်တော့ ဗီဇာ fee လေး ရှိပါတယ်။ အဲ့ဒါကတော့ ဒီ စင်ကာပူ ဒေါ်လာ ၃၈ ကျပ် ဒါမှမဟုတ် ၄၀ အဲ သူ ringgit ပေါ့နော် ၁၂၆ ကျပ် အဲ့လောက် ဝင်ချင် ကျပါတယ်။ ကဲ ဒါဆိုလို့ရှိရင်တော့ google.com ကို သွားပြီးတော့ ဒီ မလေးရှားဗီဇာ ဆိုပြီး ရိုက်ရှာလိုက်ပါ။ ဒါဆိုလို့ရှိရင် ဒီ အပေါ်ဆုံးမှာ မြင်ရတဲ့ ဟာလေးပေါ့နော် ဒါလေးကို နှိပ်လိုက်ပါ။ တကယ်လို့ ဒီ link ကို မတွေ့လို့ရှိရင်လည်း အစ်မ အခု ပေးထားတဲ့ link လေးကို နှိပ်ပြီးတော့ ဒီ website ထဲကို ဝင်လို့ရပါတယ်။ ဒီ website ထဲ ဝင်သွားပြီဆိုလို့ရှိရင် အခုလိုမျိုး box လေးတွေ ထွက်လာတာ တွေ့ရပါလိမ့်မယ်။ ဒါလေးတွေကို ပိတ်လိုက်ပါ။ တကယ်လို့ ကိုယ်က ဒီ box လေးထဲမှာ ဘာလေးတွေ ပြောထားတာလဲ ဆိုတာ သိချင်လို့ရှိရင်တော့ တစ်ဆင့်ချင်း အသေးစိတ် ရှင်းပြထားတဲ့ ဗီဒီယိုကို YouTube မှာ တင်ထားပါတယ်။ YouTube မှာ သွားပြီး ကြည့်လို့ရပါတယ်။ အခု ဒီ ဗီဒီယိုလေးကတော့ TikTok အတွက် လိုတိုရှင်း version လေးမို့လို့ပါ။ ကဲ အဲ့ဒါဆိုလို့ရှိရင် website မှာ ပေါ်လာတဲ့ box လေးတွေ ပိတ်လိုက်ပြီဆိုလို့ရှိရင်တော့ ဒီမှာ နှစ်ခု ရှိတဲ့ IMU နဲ့ returning user နဲ့ပါ။ တကယ်လို့ ကိုယ်က အခုမှ ပထမဦးဆုံး စလုပ်မယ့်သူ အကောင့် မရှိဘူး ဆိုလို့ရှိရင်တော့ အကောင့် ဖွင့်ရမှာပဲ။ ဒါကြောင့်မို့လို့ IMU လေးကို နှိပ်ပြီးတော့ သူတို့ ဖြည့်ခိုင်းတဲ့ form လေးတွေကို အကုန် ဖြည့်ပေးလိုက်ပါ။ ဒီ နေရာမှာ surname ဆိုတဲ့ နေရာမှာ အစ်မတို့က surname မရှိတဲ့အတွက် မထည့်ဘဲနဲ့ ထားခဲ့လို့ ရပါတယ်။ ပြီးရင် ဖုန်းနံပါတ် ဖြည့်ရပါမယ်။ ဖုန်းနံပါတ်ကတော့ country code ထည့်ရပါမယ်။ ဒီ စင်ကာပူ country code က 65 ဆိုတော့ 65 ထည့်ရပါမယ်။ အရှေ့က plus မထည့်စရာ မလိုပါဘူး။ ပြီးလို့ရှိရင် တခြား ဟာလေးတွေကို ဖြည့်လိုက်ပါ။ ဟိုး အောက်ဆုံးမှာတော့ email နဲ့ password ဆိုတာ ရှိပါတယ်။ email ကတော့ ကိုယ် ဒီ အကောင့်ကို ပြန်ဝင်မယ့် email လေး သုံးပါ။ password ကတော့ ဒီ ကိုယ်က password ကို ပေးရမှာပေါ့နော်။ အဲ့ဒါကြောင့်မို့လို့ password ထည့်လိုက်ပါ။ သူတို့ password မှာ format ရှိပါတယ်။ အနည်းဆုံး စာ ၈ လုံး ပါရပါမယ်။ အဲ့မှာမှ capital letter, small letter, နံပါတ် တစ်ခုနဲ့ special character တစ်လုံး ပါရပါမယ်။ ဒါတွေ ဖြည့်ပြီးသွားပြီ ဆိုလို့ရှိရင်တော့ register ကို နှိပ်ပါ။ ဒါဆိုလို့ရှိရင်တော့ အကောင့် ဆောက်တာ ပြီးသွားပါပြီ။ ကိုယ်က အကောင့် ဆောက်တာ ပြီးသွားပြီ ဆိုလို့ရှိရင်တော့ homepage ကို ပြန်လာပြီးတော့ returning user ကို နှိပ်ပါ။ returning user မှာ သူက email ရယ် password ရယ် နောက်မှ လိမ့်မယ်။ အဲ့မှာ ဖြည့်ပေးလိုက်ပါ။ ပြီးလို့ရှိရင် အောက်က ပြထားတဲ့ ပုံလေးမှာ ရှိတဲ့ စာလေးတွေကို ပြန်ပြီးတော့ အောက်က answer ဆိုတဲ့ box လေးထဲမှာ ထည့်ပေးလိုက်ပါ။ ပြီးရင် login ဝင်လိုက်လို့ရှိရင်တော့ ကိုယ့်အကောင့်ထဲကို login ဝင်သွားပါပြီ။ အခု ဒီမှာ မြင်ရတာကတော့ ဒီမှာ table လေး မြင်ရတယ်ပေါ့နော်။ အဲ့ table လေးကတော့ အစ်မက အရင်တုန်းက လျှောက်ထားတာ ရှိတဲ့အတွက်ကြောင့်မို့လို့ table လေး မြင်ရတာပါ။ တကယ်လို့ ကိုယ်က new user ဆိုလို့ရှိရင်တော့ အဲ့လို ဟာလေး မြင်ရမှာ မဟုတ်ပါဘူး။ ကိုယ်က ဗီဇာ လျှောက်ဖို့အတွက် apply now လေးကို နှိပ်ပါ။ apply now လေးကို နှိပ်တဲ့အခါမှာ ဒီလို box လေးတွေ ပေါ်လာပါလိမ့်မယ်။ ဒါလေးတွေကိုလည်း YouTube ဗီဒီယိုမှာ အသေးစိတ် ရှင်းပြထားပါတယ်။ အခုတော့ proceed ဆိုတာကို နှိပ်လိုက်ပါမယ်။ ဒါဆိုရင်တော့ သူက ဒီမှာ ဗီဇာ type တွေ ပေါ်လာပြီပေါ့နော်။ ကိုယ်တွေက အလယ်သွားမှာမို့လို့ tourist ကို ရွေးလိုက်ပါမယ်။ နောက်ထပ် box တစ်ခု ပေါ်လာပါလိမ့်မယ်။ ဒါကိုလည်း proceed နှိပ်လိုက်ပါမယ်။ ကဲ ဒါဆိုလို့ရှိရင်တော့ အစ်မတို့ ဒီ ဓာတ်ပုံ ထည့်တဲ့ နေရာကို ရောက်သွားပြီပေါ့နော်။ အဲ့ ဓာတ်ပုံ ထည့်တဲ့ နေရာမှာ ကိုယ့်ရဲ့ soft copy ဓာတ်ပုံလေး ထည့်ပေးပါမယ်။ ဒီ ဓာတ်ပုံလေးကတော့ မလေးရှားဗီဇာ လျှောက်တဲ့ အချိန်မှာ သုံးလို့ရတဲ့ photo format လေး ဖြစ်ပါမယ်။ ဒီ ဓာတ်ပုံလေးကိုလည်း ကိုယ့်ဘာသာ ကိုယ် လုပ်တာ မဟုတ်ဘဲနဲ့ ဆိုင်မှာ သွားရိုက်ဖို့ အစ်မက recommend ပေးပါတယ်။ ကဲ ဒါဆိုလို့ရှိရင် ဓာတ်ပုံ ထည့်မယ်။ ပြီးလို့ရှိရင် passport ပုံ ထည့်မယ်။ passport ပုံက ကျတော့ ကိုယ့်ရဲ့ ဓာတ်ပုံ ပါတဲ့ တစ်မျက်နှာလေး ထည့်လိုက်ရင် ရပြီ။ အဲ့မှာ ကျတော့ passport ပုံ ထည့်တဲ့ နေရာမှာ စောင်းတာတို့ စောင်းထိုးမှုမျိုး ဖြစ်တာတို့ ဘာတို့ပေါ့နော်။ အဲ့ဒါလေးတွေ ဂရုစိုက်ရပါမယ်။ ပြီးရင်တော့ ကိုယ်တွေဆီမှာ surname မရှိတဲ့အတွက် surname မထည့်ဘဲ ထားခဲ့လို့ ရတယ်။ given name မှာ ကျတော့ passport ထဲက နာမည်လေး ထည့်မယ်။ ကျန်တာတွေကိုလည်း ထည့်မယ်။ ပြီးလို့ရှိရင် ဖုန်းနံပါတ် ဖုန်းနံပါတ်ကိုလည်း ပထမတုန်းကလိုပဲ country code လေး ထည့်မယ်။ plus မှာ ပါပဲ ထည့်မယ်။ စင်ကာပူက country code က 65 ဆိုတော့ 65 လေး ထည့်ပြီးတော့ ကိုယ့်ဖုန်းနံပါတ် ထည့်မယ်။ နောက်ပြီးတော့ ဗီဇာ detail ဗီဇာ detail မှာ ဗီဇာ type ကို ရွေးမယ်။ အဲ့မှာ single entry နဲ့ multiple entry ရှိတယ်။ ကိုယ်တွေက multiple entry ကို ရွေးမယ်။ ဒါဆိုလို့ရှိရင် purpose of stay မှာ ကျတော့ ကိုယ်က long term pass holder ကို ရွေးမယ်။ ပြီးရင် reason to apply မှာ ကျတော့ သူက tour လို့ ရေးထားတယ်။ ဒီမှာလည်း ကိုယ်က tour လို့ ပြန်ရေးပေးလိုက်ရင် ရတယ်။ ပြီးရင် travel document မှာ ကိုယ်က international passport ကို ရွေးမယ်။ ကျန်တာတွေကတော့ ကိုယ့် passport မှာ ပါတဲ့ အတိုင်း ဖြည့်မယ်။ ဒီ document number ဆိုတဲ့ နေရာမှာ ကိုယ်က ကိုယ့်ရဲ့ passport နံပါတ်ကို ဖြည့်မယ်။ ပြီးရင် address in Malaysia ကို ဖြည့်မယ်။ address in Malaysia ကို ဖြည့်တဲ့ နေရာမှာ လက်ရှိ ကိုယ်က သွားဖို့ ရှိတယ် ဆိုလို့ရှိရင်တော့ အဲ့ မလေးရှား လိပ်စာကို ဖြည့်။ တကယ်လို့ မရှိဘူး ဆိုလို့ရှိရင်တော့ ဟိုတယ် booking လုပ်လို့ ရတဲ့ website တွေထဲကို ဝင် ဝင်ပြီးလို့ရှိရင် မလေးရှားမှာ ရှိတဲ့ ဟိုတယ်တွေကို ရှာ ပြီးတော့ ဟိုတယ် နာမည် တစ်ခုခု ထည့်ပေးလိုက်ရင် ရပြီ။ ပြီးရင် လမ်းနာမည်အတွက် ပြီးရင် postal code အတွက် ဆိုလို့ရှိရင်တော့ အဲ့ရဲ့ ဟိုတယ်ရဲ့ detail page မှာ သူ့မှာ postal code တွေရော လမ်းနာမည်တွေရော အကုန် ရှိတယ်။ အဲ့ဒါတွေ ဖြည့်ထည့်ပေးလိုက်ရင် ရတယ်ပေါ့နော်။ ပြီးရင် current local address ကို ထည့်မယ်။ ဒါကတော့ လက်ရှိ ကိုယ် စင်ကာပူမှာ နေတဲ့ လိပ်စာကို ထည့်လိုက်။ ပြီးလို့ရှိရင် ဒီမှာ upload document ရှိတယ်။ အဲ့မှာ သုံးခု ရှိတယ်။ ကိုယ်က နောက်ဆုံး တစ်ခုကိုပဲ ထည့်ပြီး ထည့်စရာ လိုတယ်။ ကျန်တဲ့ အရှေ့က flight ticket တို့ booking တို့ ဘာတို့ မလိုဘူး။ အဲ့ဒါဆို အဲ့ document လေးကို upload လုပ်ဖို့အတွက် ကိုယ် select document ဆိုတာလေးကို နှိပ်လိုက်။ နှိပ်လိုက်လို့ရှိရင် ကိုယ်တွေက multiple entry ရွေးထားတဲ့အတွက်ကြောင့်မို့လို့ multiple entry အတွက် လိုတဲ့ document လေးတွေ ထည့်ပေးလိုက်ရင် ရပြီ။ ကိုယ်က EP, S pass, work permit ကိုင်ထားတဲ့သူ ဆိုလို့ရှိရင်တော့ ဒီ အစ်မတို့ pass card ရဲ့ အရှေ့နဲ့ အနောက်နဲ့ကို ထည့်ပေးရမယ်။ ပြီးလို့ရှိရင် ကျတော့ SG work pass application မှာ ကြည့်လို့ရတဲ့ ကိုယ့်ရဲ့ pass detail ရဲ့ screenshot ကို ထည့်ပေးရမယ်။ ကိုယ်က long term visit pass, dependent pass, student pass ဆိုလို့ရှိရင်တော့ ကိုယ့်ရဲ့ pass card လေးရဲ့ အရှေ့နဲ့ အနောက်နဲ့ပဲ လိုတယ်။ ဒါဆို ကိုယ့် passport ကို မူတည်ပြီးတော့ လိုအပ်တဲ့ ဟာလေးကို PDF file နဲ့ upload လုပ်ပေးလိုက်။ ဒါဆိုရင် ရပြီ။ ပြီးလို့ရှိရင် next ကို နှိပ်မယ်။ next နှိပ်တဲ့ အချိန်မှာ ဒီမှာ terms and condition ပေါ်လာတယ်။ အဲ့ဒါလေးကို အချိန်ရရင်တော့ ဖတ်ပေါ့နော်။ အခု လောလောဆယ်တော့ agree ကို နှိပ်လိုက်မယ်။ ဒါဆိုရင်တော့ ကိုယ့်ရဲ့ ပုံလေးနဲ့ ဒီလိုမျိုး ပေါ်လာတယ်။ အဲ့ကျမှ သူက frame လေး ပေးထားတယ်။ ကိုယ့်မျက်နှာလေးကို သူ့ခေါင်းလေးထဲ frame လေးထဲ ဝင်အောင် ထပ်ပြီးတော့ ညှိပေးလိုက်ပေါ့နော်။ ကိုယ့်ပုံလေးက frame နဲ့ ဝင်သွားပြီ ဆိုလို့ရှိရင်တော့ confirm and continue လေးကို နှိပ်မယ်။ နှိပ်ပြီးလို့ရှိရင်တော့ သူက ဒီ ပုံက လက်ခံလား မခံလား ပြန်ပြောတယ်။ အခု ပုံက အစိမ်းလေး ပြထားတဲ့ လက်ခံတယ်ပေါ့နော်။ ဒါဆိုရင် ဒီ ပုံလေးကို သုံးပြီးတော့ လျှောက်လို့ ရတယ်။ ပြီးလို့ရှိရင် သူက ကိုယ့်ရဲ့ passport ဓာတ်ပုံကို ပြန်ပြထားတယ်။ အဲ့ passport မှာလည်း ဒီလိုမျိုး စောင့်ထိုးမှုမျိုး ဖြစ်နေလား စောင်းနေလား ဘာလား ပြောထားတယ်။ တကယ်လို့ ဖြစ်လို့ရှိရင်တော့ ပြင်ပေါ့။ မဖြစ်ဘူး ဆိုလို့ရှိရင်တော့ တစ်ခါတည်းပဲ ဒီ confirm ဆိုတဲ့ button လေးကို နှိပ်လိုက်မယ်။ အဲ့ကျလို့ရှိရင် ဒီလို box လေး ကျလာတယ်။ အဲ့ဒါကိုလည်း proceed နှိပ်လိုက်မယ်။ ဒီ နေရာမှာ သူက ကိုယ် ဖြည့်ထားတဲ့ ကိုယ့်ရဲ့ information ကို ပြန်ပြီး စစ်ခိုင်းတယ်။ အဲ့ကျလို့ရှိရင် ကိုယ်က ကိုယ့်ရဲ့ email တွေ ဖုန်းနံပါတ် တွေ ကို ပြန်စစ်ပေးမယ်။ ကိုယ့်ရဲ့ information တွေ အကုန်မှန်တယ် ဆိုလို့ရှိရင်တော့ payment ကို သွားမယ်။ payment မှာ သူက visa ရယ်, alipay တွေ, wechat တွေ ရတယ်။ အစ်မတို့ကတော့ visa နဲ့ပဲ လုပ်လိုက်မယ်။ ပြီးရင် pay ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုက်မယ်။ အဲ့ဒီမှာလည်း box လေး တစ်ခု ပေါ်လာတယ်။ အဲ့ဒါကိုလည်း proceed ဆိုတဲ့ ခလုတ်လေးကိုပဲ နှိပ်လိုက်မယ်။ ဒါဆိုလို့ရှိရင်တော့ အစ်မတို့က ဒီမှာ visa fees က ဘယ်လောက် ကျတယ် ဆိုတဲ့ ပြတဲ့ page ကို ရောက်သွားပြီ။ အဲ့မှာ သူက visa fees က ringgit ၁၂၆ ကျပ်ပေါ့နော် ကျတယ်။ ဒီ စင်ကာပူ ငွေနဲ့ ဆိုလို့ရှိရင်တော့ ဒီ ၃၈ ကျပ် ၄၀ ဝန်းကျင် ကျတယ်ပေါ့နော်။ အိုကေ အစ်မတို့ proceed payment ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုက်မယ်။ ဒါဆိုလို့ရှိရင်တော့ ကိုယ်က ကိုယ့်ရဲ့ visa card information အချက်အလက် တွေ ဖြည့်လိုက်မယ်။ ပြီးလို့ရှိရင် ဒီ pay now ဆိုတဲ့ ခလုတ်လေး နှိပ်လိုက်မယ်။ ဒါဆိုလို့ရှိရင် ကိုယ့်ရဲ့ payment က successful ဖြစ်သွားပြီ ဆိုလို့ရှိရင် ဒီလို thank you ဟာလေး ကျလာလိမ့်မယ်။ ဒီမှာက ကိုယ့်ရဲ့ application result ကို working day နှစ်ရက် အတွင်း သိရမယ်လို့ ပြောတဲ့ သူတို့ အဲ့ဒီအတွက်ကိုလည်း ဒီ email notification ပို့ပေးမယ်လို့ ပြောတယ်ပေါ့နော်။ မနေ့က ၄ နာရီ ဝန်းကျင်လောက်မှာ ဗီဇာ လျှောက်တာ ဒီနေ့တော့ ၂ နာရီခွဲလောက်မှာ email ရတယ်။ email က ကျတော့ visa approved ဖြစ်သွားပြီ ဆို email ရတော့ ဒီမှာ သူ့ရဲ့ website လေးကို လာပြီးတော့ login ဝင်လိုက်တာ ကိုယ့်ရဲ့ ဗီဇာလေးက approved ဖြစ်နေတာကို တွေ့ရတယ်ပေါ့နော်။ ဒါဆိုရင် မနေ့က လျှောက်တာ ဒီနေ့ ရတယ်ပေါ့နော်။ တော်တော်လေး မြန်ပါတယ်။ ကဲ ဒါဆိုလို့ရှိရင် အစ်မတို့ မလေးရှားဗီဇာ လျှောက်တာ ပြီးသွားပြီပေါ့နော်။ ဒီ လျှောက်တဲ့ process လေးကို စောင့်ရန် လျှောက်ရန်နဲ့ တကွ အသေးစိတ် ဗီဒီယိုလေးကို ကျတော့ အစ်မတို့ YouTube channel မှာ တင်ထားပါတယ်။ ဒါကြောင့်မို့လို့ အသေးစိတ် သိချင်သူများကတော့ ဒီ YouTube channel မှာ သွားပြီးတော့ ကြည့်နိုင်ပါတယ်နော်။ ကဲ အဲ့ဒါဆိုလို့ရှိရင် အစ်မတို့ မလေးရှားဗီဇာ လျှောက်တာ ပြီးသွားပြီပေါ့နော်။ အားလုံးပဲ အဆုံးထိ ကြည့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အားလုံးပဲ မြန်မြန်ဆန်ဆန် ဗီဇာ ရပြီးတော့ သူငယ်ချင်းတွေနဲ့ အတူတူ ပျော်ပျော်ပါးပါး လျှောက်လည်နိုင်ကြပါစေ။ အစ်မတို့ ဒီ channel လေးကနေလည်း ဒီလို ပေါ့နော် စင်ကာပူနဲ့ ပတ်သက်တဲ့ content လေး ပြီးရင် travel vlog လေးတွေကိုလည်း တင်ပေးနေတာ မို့လို့ တကယ်လို့ နှစ်သက်တယ် ဆိုလို့ရှိရင်တော့ like and subscribe လေး လုပ်ပေးခဲ့ပါနော်။ အားလုံးပဲ bye bye.