Hook
More breakout videos from this creator.
Grand Canyon waterfall park ချင်းမိုင်။ ဒီမှာက ရေပေါ်ကစားကွင်းလေးလေ။ အမက မျှော်လင့်မျှော်ချင်တဲ့ မျှော်လင့်မမျှော်ချင်ဘူး။ မျှော်လင့်ချင်တယ်ဆိုတာက ကစားကွင်းက အရမ်းကျယ်ပြီးတော့လေ ပေးရတဲ့ ပိုက်ဆံနဲ့ တန်တယ်လို့ ခံစားရတယ်။ လုံးဝ ရေပေါ်ကစားကွင်းကလေ ဘောင်းစုံပဲ။ ရှည်လည်းရှည်တယ်၊ ကျယ်လည်းကျယ်တယ်။ Zip line တွေလည်း ရှိတယ်။ လှေလှော်လို့လည်း ရတယ်။ တစ်နေ့ကုန်လုံးမှ ကဲတက်တဲ့သူအဖို့ကတော့ လုံးဝ ကဲစမ်းမယ် သိလား။ အရမ်းတန်တယ်၊ အရမ်းလည်း မိုက်တယ်။ အရမ်းပျော်ဖို့ကောင်းတယ်ပေါ့နော်။ မျှော်လင့်မျှော်ချင်ဘူးဆိုတာကလေ သိပ်မကစားတတ်တဲ့သူတွေအဖို့ကတော့ ပေးရတဲ့ ဝင်ကြေးနဲ့ မတန်ဘူးပေါ့နော်။ ပေးရတဲ့ ဝင်ကြေးကကျတော့ အမတို့ အင်တာနက်မှာကြည့်တာ ၁၂၀၀ လား မသိဘူး။ သူတို့ရဲ့ official website မှာ ၁၂၀၀ ပါ။ အဲ့တော့ ဈေးကတော့ များတယ်။ အဲ့တော့ မကစားတတ်တဲ့သူဆိုလို့ရှိရင်တော့ မတန်ဘူး။ ကဲတက်တဲ့သူတွေ သတိထားဖို့ တစ်ခုတော့ ရှိတယ်။ ဘာလဲဆိုတော့ပေါ့နော် အမတို့ဆိုလို့ရှိရင် တစ်ခါမှပေါ့နော် အဲ့လိုမျိုး water park တွေဘာတွေ တစ်ခါမှမရောက်ဘူး။ ဒီတစ်ခါကတော့ sponsor ပေးလို့ပေါ့နော်။ အဲ့ sponsor ရလို့ဆိုပြီးတော့ သွားလိုက်တာ။ သွားတယ်ဆိုတာ sponsor က sponsor ပေးတာမဟုတ်ဘူးနော်။ သူငယ်ချင်းတွေက sponsor ပေးတာ။ အဲ့တော့ သွားလိုက်တာ။ သွားလိုက်တဲ့အချိန်မှာပေါ့နော် ကိုယ့်ကိုယ်ကို အဲ့လိုမျိုး water park မှာ ဆော့တတ်တဲ့သူမှန်း အရမ်းကဲတတ်တဲ့သူမှန်း သိတောင်မသိဘူးပေါ့နော်။ ဟိုရောက်တော့ နေ့လည် ၂ နာရီ ရောက်သွားပြီးတော့လေ။ အမလေး ညနေ ၆ နာရီအထိ သူတို့သိမ်းတဲ့အထိကို ဗျာ အော်ထုတ်တာလေ။ ကဲတာ ကဲတာ ကဲတာ ဆိုတာ ပြောမနေနဲ့။ အဲ့တော့ နောက်နေ့လည်း ကျလည်းကျရော ၃ ရက်လောက် ၄ ရက်လောက် ဆက်တိုက်ကို လုံးဝ ကိုက်ခဲနေတာပေါ့နော်။ အဲ့တော့ အရမ်းဆော့တတ်တဲ့သူတွေလည်း သွားရင်သွားပေါ့နော်။ ဒါပေမဲ့ သတိတော့ထား။ ပြီးတော့ မိန်းကလေးတွေ သွားမယ်ဆိုလို့ရှိရင် လက်သည်းအရှည်တွေဘာတွေ ရှိလို့ရှိရင် ညှပ်သွားနော်။ ဘာဖြစ်လို့လဲဆိုတော့ လက်သည်းတွေ ကျိုးနိုင်တယ်။ ပြီးလို့ရှိရင် ဖုန်းတွေ ကင်မရာတွေ ထည့်လည်း မယူသွားနဲ့။ ရေက အရမ်းနက်တယ်ဆိုတဲ့အတွက်ကို အောက်ကျသွားလို့ရှိရင် ဆယ်ဖို့က မလွယ်ဘူးပေါ့နော်။ နောက်ပြီးတော့ တစ်ပတ်တွေဘာတွေ ယူရ ဆပ်ပြာတွေဘာတွေလည်း ယူသွားဖို့ လိုတယ်။ ကိုယ်ကတော့ နောက်တစ်ခါ သွားဦးမလားဆိုရင်တော့ သွားမယ်။ ဒါပေမဲ့ လူများလေ ပိုကောင်းလေပေါ့နော်။ ပြီးရင် ကဲတတ်တဲ့သူတွေနဲ့ သွားတာ ပိုပြီးတော့ ကောင်းတဲ့ အဖော်လည်း ရတယ်။ တစ်နေ့ကုန် ကဲပဲ။