Hook
More breakout videos from this creator.
ချင်းမိုင်ကဆို ပန်းကန်တွေဝယ်ချင်ရင် ဒီဆိုင်မှာသွားဝယ်ကြည့်။ ပန်ကန်တွေစုံချက်၊ တန်ချက်ပဲ။ အမ ဒီချင်းမိုင်မှာ တွေ့ထားတယ်။ ဒီဆိုင်လေးက ဆိုင်ကလည်း အကျယ်ကြီးပဲပေါ့နော်။ ဈေးနှုန်းကလည်း အရမ်းသက်သာတယ်။ ဘယ်လောက်တောင် သက်သာလဲဆိုတော့ ဒီလို sauce ပန်းကန်လေးတွေကို အမ ပေါ့နော် လိုက်မိုမှာ ဝယ်တာ ၃၅ ကျပ် ၄၀ ပေးခဲ့ရတယ်။ ဒီမှာ ၁၅ ကျပ် ၂၀ ပဲရှိတယ်။ ပြီးတော့ ဒီဇိုင်းစုံတာမှလေ ပြောမနေနဲ့။ ဖန်ပန်းကန်လား၊ ကြွေပန်းကန်လား၊ သစ်သားပန်းကန်လား စိတ်ကြိုက်ပြော။ ဒီဇိုင်းမျိုးစုံ၊ ကာလာမျိုးစုံ၊ ဆိုက်မျိုးစုံပေါ့နော်။ အရမ်းလှတယ်၊ အရမ်းလည်းတန်တယ်။ အမဆို အရင်တုန်းက လိုက်မိုကနေ ဝယ်နေကျပေါ့နော်။ အဲ့ကျတော့ ကိုယ်က ဆိုက်ကို ၅ လက်မ ၈ လက်မလို့ ရေးထားပေမယ့်လည်းပဲ တကယ့်တကယ် ရောက်လာတဲ့အခါကျလို့ရှိရင် ထည့်လို့မလှတာ မကြိုက်တာတွေပေါ့နော် ခဏခဏဖြစ်တယ်။ အဲ့ကျရင် ပြန်ပြီးတော့လည်း return မလုပ်ချင်တာနဲ့ ယူထားလိုက်ရတာတွေ ရှိတယ်ပေါ့နော်။ အဲ့တော့ ဒီဆိုင်မှာဆိုလို့ရှိရင် ကိုယ်က မျက်မြင်လည်း တွေ့ရတယ်။ ရွေးလည်း ရွေးရတယ်ဆိုတော့ပေါ့နော် လုံးဝ အမက အကြိုက်တွေ့နေတာ။ ဒီနေ့တော့ အချိန်မရတာနဲ့ အမ ဒါလေးတွေပဲ ဝယ်ခဲ့တယ်ပေါ့နော်။ နောက်တစ်ခါတော့ အမ သေချာလေး အချိန်ပေးပြီးတော့ သွားပြီးတော့ ဝယ်မယ်။ အခု ဒီဟာလေးတွေတောင်မှပေါ့နော် အမ အားလုံးပေါင်းမှလေ ဒါ ဘတ် ၂၄၀ ကျော်ပဲ ကျခဲ့တယ်ပေါ့နော်။ အဲ့တော့ ဘယ်လောက်တောင် တန်လဲ စဉ်းစားကြည့်။ ပုံစံလေးတွေက တကယ်မျိုးစုံရှိတာနော်။ အရမ်းလှ၊ အရမ်းတန်ပွဲ။ ဆိုင်လေးကတော့ ဒီဆိုင်လေးပေါ့နော်။ ဂူဂဲလ်မှာ ရိုက်ရှာလိုက်လို့ရှိရင် လို့ရှိရင် အဲ့မှာ တွေ့ပါလိမ့်မယ်။ အဲ့ဘေးနားမှာလေ အဲ့ကနေပြီးတော့ ဆိုင်ကယ်နဲ့ပေါ့နော် နောက်ထပ် ၂ မိနစ်လောက် ဆိုင်ကယ်စီးသွားလို့ရှိရင် အဲ့မှာ သုံးဘတ်တန်ပေါ့နော် ဝါးသားထိုးတုတ်ထိုးတုတ်ဆိုင် ရှိတယ်။ အမတို့က အမှန်တကယ်တော့ စစလာတာက အဲ့ကို လာတာ။ ပြီးတော့မှ ဂူဂဲလ်မက်မှာ ပန်းကန်လေးဝယ်ချင်တယ်ဆိုပြီး ကြည့်လိုက်တော့မှ နီးနီးနားနားဆိုလို့ ဝင်ကြည့်လိုက်တာ။ အဲ့တော့မှ ဒီဟာကို တွေ့တာ။ အဲ့တော့ ကိုယ်က ဒီဟာလေးကို သွားဝယ်လို့ မောသွားလို့ရှိရင် သုံးဘတ်တန် ဝါးသားထိုးတုတ်ဆိုင်မှာ စားလို့ရပါတယ်။ အဲ့က ဟင်းထုတ်လေးရော ကြက်သားတုတ်လေးရောပေါ့နော် တုတ်ထိုးတွေက အစားတော်တော်ကောင်းတယ်။