Hook
More breakout videos from this creator.
ချင်းမိုင်မှာ ဒီဆိုင်လေးစားကောင်းတယ်။ မစားဖူးရင် tryကြည့်နော် ။ အထူးသဖြင့်ငပိရည် တို့စရာကြိုက်သူများ လုံးဝစားကြည့်သင့်သောနော်။ ဒီဆိုင်လေးကတော့ Tar La Paw ပါ။ သူငယ်ချင်းကပြောလို့သွားစားကြည့်တာ။ ဆိုင်မသွားခင်ကတော့ အစားအသောက်ကို ဒီလောက်မမျှော်လင့်ထားဘူး။ ပြီးတော့ ကိုယ်ရောက်နေတဲ့နေရာနဲ့လည်းနီးတယ်ဆိုတော့ သွားလိုက်တာပေါ့နော်။ ဆိုင်ထဲလည်းရောက်ရော သူတို့ရဲ့အပြင်အဆင်လေးကို ပထမဦးဆုံးသဘောကျမိတာပဲ။ အခုလိုမျိုး ကျွန်းခုံတွေနဲ့ အေးအေးချမ်းချမ်းလေး။ အခုနေ့ခင်းဘက်ပေါ့နော် နှစ်နာရီလောက်သွားထားတာတောင်မှပဲ ဒီသူတို့ဆိုင်ထဲဝင်လိုက်တာနဲ့ အေးသွားတယ်။ ပြီးလို့ရှိရင် service ပေးတဲ့မောင်လေးတွေကလည်း အရမ်းချိုသာပြီးတော့ service လည်းအရမ်းကောင်းတယ်။ နေ့လည်ဘက်နေကျသွားလို့ရှိရင်တော့ ဒီချောင်းလေးဘေးနားမှာထိုင်ပြီးတော့ အေးအေးဆေးဆေးလေးကြည့်ရင်းနဲ့ စားရတာလည်း တော်တော်လေးကောင်းမယ်လို့ထင်တယ်။ ဒါလေးတွေက ထားလိုက်တော့ အရေးကြီးတဲ့အကြောင်းပြောမယ်။ အရေးကြီးတာက ထမင်းဆိုင်ဆိုတော့ ထမင်းဟင်းအရသာက အဓိကပဲမလား။ အဲ့တော့ ထမင်းဟင်းအရသာကရော ဘယ်လိုလဲပေါ့။ ထမင်းဟင်းအရသာကတော့ လုံးဝအမကြိုက်တဲ့ထဲမှာပါတာပဲ။ အရသာအရမ်းရှိပြီးတော့ စားလို့အရမ်းကောင်းတယ်။ ဈေးနှုန်းလေးတွေကတော့ အမတို့စားခဲ့တာတော့ ဖားသားရယ်၊ ငါးရံ့ဟင်းရယ်။ ဖားသားကတော့ ၁၅၀ ဝန်းကျင်လောက်ကျတယ်။ ငါးရံ့ကတော့ ၁၃၀၊ ၁၄၀ ဝန်းကျင်လောက်ကျတယ်။ ဈေးနှုန်းလေးတွေကတော့ သူဟင်းပေါ်မူတည်ပြီးတော့ ရှိတယ်။ ဒါပေမဲ့ သူက အရမ်းဟင်းလေးတွေပေးတယ်။ ပြီးရင် ငါးပိရည်တို့စရာပေးတယ်။ အဲ့ဒီမှာအဓိကပြောချင်တာက ငါးပိရည်။ ငါးပိရည်က သူတို့လာချလိုက်ကတည်းက အနံ့လေးကို သင်းပြီးတော့ မွှေးနေတာပဲ။ အဲ့ကတည်းက ကိုယ်က သရေယိုနေပြီမရတော့ဘူး။ လုံးဝငါးပိရည်က အရမ်းကောင်းတယ်။ အဲ့ဒါနဲ့ အဝင်ဝမှာ သူတို့ငါးပိရည်ရောင်းတာတွေ့ခဲ့တယ်။ အဲ့ငါးပိရည်က အခုငါးပိရည်လားဆိုတော့ ဟုတ်တယ်ဆိုတော့ အမအပြန် အပြန်ကို ငါးပိရည်တစ်ဘူးဝယ်ခဲ့တယ်။ အဲ့ဒီတော့ တို့စရာကလည်းအဆုံး ငါးပိထောင်း ငါးပိရည်ကလည်း အရမ်းကောင်းဆိုတော့ သုံးပွဲလောက်တော့ အနည်းဆုံးတော့ စားခဲ့မိတယ်။ ပြောချင်တာက ဆိုင်ကောင်းကြောင်း ညွှန်းပေးချင်တာ။ ဒါပေမဲ့ အဲ့တုန်းက ငါးပိရည်စားကောင်းခဲ့တာကို သတိရပြီးတော့ ငါးပိရည်ကြောင့်ပဲ ပြောမိနေတာ။ နောက်ဆုံးပြောချင်တာက ဒီဆိုင်လေးကတော့ recommend ပါ။ မ try ရသေးရင် try ကြည့်ပါလို့။