Hook
ဒီဟာလေးကတော့ အစ်မတို့တွေ့ကြုံပုံမူတည်ပြီးတော့ပေါ့နော် ပြောပြပေးမယ်။ အဲ့တော့ တစ်ယောက်နဲ့တစ်ယောက်တော့ မတူနိုင်ဘူးပေါ့နော်။ အမ် ပထမဦးဆုံးမှ VNN ပေါ့။ VNN ကောင်းတာလေးတွေ ပြောပြပေးမယ်။ VNN က ပေါ့နော် ချင်းမိုင်ထက်ပိုပြီးတော့ အစ်မအမြင်ကတော့ စရိတ်ပိုသက်သာတယ်။ ပြီးလို့ရှိရင် transportation ကတော့ VNN ရော ချင်းမိုင်ရောပေါ့နော် ဆိုင်ကယ်နဲ့သွားရတာ။ ဒါပေမဲ့ VNN မှာ ဆိုင်ကယ်ငှားလို့ရှိရင် လိုင်စင်မတောင်းဘူး။ ချင်းမိုင်မှာတော့ ဆိုင်ကယ်ငှားလို့ရှိရင်တော့ အစ်မတို့ လိုင်စင်တောင်းတယ်ပေါ့နော်။ အဲ့တစ်ခုရှိတယ်။ နောက်ပြီးတော့ ဗီဇာလျှောက်ရတာပေါ့နော်။ ရက် ၉၀ ဗီဇာလျှောက်ရတာ အရမ်းလွယ်တယ်။ ကိုယ့်ဘာသာလျှောက်လို့ရတယ်။ သူက ဟိုတယ်ဘွတ်ကင်တို့ နောက်ပြီးလို့ရှိရင် အစ်မတို့ flight ticket တို့ ဘာတို့ ဘာမှမမေးဘူးပေါ့နော်။ ကိုယ့်ဘာသာလျှောက်ပြီးလို့ရှိရင် ၃ ရက် ၄ ရက်လောက်နေလို့ရှိရင် approve ရတယ်။ အဲ့တော့ ဗီဇာလျှောက်တာလည်း အရမ်းလွယ်တယ်။ သူတို့ဆီကို ဝင်သွားတဲ့အချိန်ကျလို့ရှိရင်လည်း ဘာမှသိပ်မမေးဘူးပေါ့နော်။ အဲ့တော့ ဒီသူတို့ဆီဝင်တာတို့ ဗီဇာလျှောက်တာတို့ ဘာတို့ကတော့ အရမ်းလွယ်တယ်။ သိပ်မကောင်းတာလေးတွေကကျတော့ ပေါ့နော် အစ်မတို့ မြန်မာအစားအစာပေါ့။ ပြီးလို့ရှိရင် မြန်မာဆိုင်တွေ သိပ်မရှိဘူး ရှာရတယ်။ ပြီးရင် သူတို့အစားအသောက်က ကိုယ့်ပါးစပ်နဲ့ သိပ်မတည့်တတ်ဘူးပေါ့နော်။ ပြီးရင် ကိုယ်နဲ့ပါးစပ်နဲ့တည့်တာဆိုလို့ ဖာတို့ ဘန့်ဖိုတို့ အဲ့လောက်ပဲရှိမယ်ပေါ့နော်။ ကျန်တာတွေကတော့ ကိုယ်နဲ့ပါးစပ်နဲ့ တော်တော်လေးကို အဆင်မပြေဘူးပေါ့နော်။ နောက်တစ်ခုကတော့ အစ်မတို့ ဂျင်းထည့်တာလေး အနည်းငယ်ရှိတယ်ပေါ့နော်။ အဲ့ဒါကတော့ လူတိုင်းလည်း သိပြီးသားဖြစ်မှာပါ။ VNN ဆိုလို့ရှိရင် အစ်မတို့ တက္ကစီသမားတွေက ဂျင်းထည့်တာတို့ ပြီးလို့ရှိရင် ဒီ convenience store တွေမှာ ကိုယ်ဝယ်တဲ့ပစ္စည်းထက်ပိုပြီးတော့ စကန်ဖတ်လိုက်တာတို့ ပြီးတော့ ဈေးကြီးတဲ့ပစ္စည်းကို စကန်ဖတ်တဲ့အခါ ဖတ်ပြီးတော့ ပိုက်ဆံတောင်းတာတို့ ဘာတို့ပေါ့နော်။ အဲ့လိုဂျင်းထည့်တာတော့ ရှိတယ်။ ဒါပေမဲ့ ကိုယ်က အဲ့ဒါကို သတိထားလို့ရှိရင်တော့ အဆင်ပြေတယ်ပေါ့နော်။ နောက်တစ်ခုကကျတော့ အစ်မတို့ လူတွေကတော့ တော်တော်လေး friendly ဖြစ်တယ်။ သဘောလည်းကောင်းတယ်။ ဒါပေမဲ့ အင်္ဂလိပ်စာ သိပ်မရတာများတယ်ပေါ့နော်။ အဲ့တော့ နည်းနည်းအခက်အခဲလေးတော့ ရှိတယ်။ ထိုင်းထက်စာလို့ရှိရင်တော့ ပေါ့နော်။ ဒါပေမဲ့ အဲ့လောက်ကြီးလည်း မဟုတ်ဘူးပေါ့။ နောက်ပြီးတော့ ခုနက ဗီဇာကောင်းတဲ့ထဲမှာမှ ပြောသွားတယ်။ ဒါပေမဲ့ ဗီဇာမကောင်းတာနဲ့ တစ်ခုရှိသေးတယ်။ သူက ဗီဇာလျှောက်ရတာ လွယ်သလောက် ရက် ၉၀ ဗီဇာကို ပေါ့နော် လျှောက်ရတာ လွယ်သလောက် အစ်မတို့ long term ဗီဇာပေါ့နော် ရေရှည်နေတဲ့ ဗီဇာမရှိဘူး။ ထိုင်းလိုမျိုးမများဘူးပေါ့နော်။ အဲ့တော့ ကိုယ်က ၃ လတစ်ခါပေါ့ အမြဲတမ်း ရက် ၉၀ တစ်ခါသွားသွားပြီးတော့ ဗီဇာကို ပြန်လျှောက်နေတာ ရီနယူးလုပ်နေတာပေါ့နော်။ အဲ့ process ကလည်း ကိုယ်နေမကောင်းတဲ့လူတွေ ပြီးရင် ကလေးငယ်ရှိတဲ့လူတွေ ဒီလိုမျိုးတွေအတွက်တော့ တော်တော်လေး ပင်ပန်းနိုင်တယ်ပေါ့နော်။ အဲ့ဒါလေးတွေ ရှိတယ်။ ပြီးတော့ ချင်းမိုင်ပေါ့နော်။ ချင်းမိုင်ဆိုလို့ရှိရင်တော့ အစ်မတို့ မြန်မာစာတွေ အရမ်းပေါတယ် မြန်မာအစားအသောက်တွေ အရမ်းပေါတယ်။ ပြီးရင် ဈေးပေါပေါနဲ့လည်း ရတယ်ပေါ့နော်။ ဗီဇာနဲ့ ဗီဇာထက်စာလို့ရှိရင်တော့ အဲ့တော့ ကိုယ်က မဟင်းချက်ချင်တဲ့နေ့တွေမှာဆိုလို့ရှိရင် အပြင်မှာသွားစားတာတို့ online တွေမှာစားတာတို့ ဘာတို့ လုပ်လို့ရတယ်။ အေးအေးဆေးဆေးပဲ။ ပြီးရင် online shopping တွေပေါ့နော် ပစ္စည်းတွေဝယ်ရတာ အရမ်းဈေးသက်သာတယ်။ အစားအသောက်တွေကလည်း ကိုယ့် taste နဲ့ နည်းနည်းလေး အဆင်ပြေတယ်ပေါ့နော်။ VNN နဲ့စာရင်တော့ အဆင်ပြေတယ်။ အဲ့တော့ အစားအသောက်ကလည်း အဆင်ပြေတယ်။ နောက်တစ်ခုကတော့ အရေးကြီးဆုံးချက်ပေါ့နော်။ အဲ့ဒါက ဘာလဲဆိုတော့ ကိုယ့်နိုင်ငံလို ခံစားရတာပေါ့။ ကိုယ့်နိုင်ငံလို ခံစားရတယ်ဆိုတော့ အဲ့ feeling က ဘယ်လိုပြောလို့ပြောရမှန်းမသိဘူး။ ဒါပေမဲ့ ကိုယ့်နိုင်ငံလို ခံစားရတယ်ဆိုတဲ့ ဟာလေးက တော်တော်လေးကောင်းတယ်ပေါ့နော်။ အဲ့ဒါလေးလည်း သူမှာ ကောင်းလေးရှိတယ်။ သိပ်မကောင်းတာကတော့ အားလုံးသိတဲ့အတိုင်းပဲပေါ့နော်။ နောက်ပိုင်း ဗီဇာတွေ တက်လာတယ်။ တစ်ခါတစ်ခါ နိုင်ငံပြန်ထွက်ပြီးတော့ ပြန်ဝင်လာလို့ရှိရင် စိတ်ညစ်စရာ process ကြီးပေါ့နော် အရမ်းတွေ မေးပြီးတော့ အရမ်းတွေ ကျပ်တဲ့ဟာကြီးပေါ့နော်။ အဲ့ဟာကြီးကတော့ သိပ်မကြိုက်ဘူးပေါ့နော်။ ဆိုတာဆိုလို့လည်း အခုနောက်ပိုင်း ဒီထိုင်းဆိုလို့ရှိရင်တော့ အဲ့လို ဗီဇာကျပ်တာ တစ်ခုတည်းပေါ့နော်။ ကျန်တာတွေကတော့ သိပ်အဆိုး သိပ်မရှိဘူး။ စရိတ်လေးနည်းနည်းရှိမယ်ပေါ့။ ဒီ VNN ထက်စာလို့ရှိရင်တော့။ ဒါလက်နဲ့ ချင်းမိုင်နဲ့ဆိုလို့ရှိရင် အစ်မက ဒါလက်ကလေးကို ပိုကြိုက်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ရာသီဥတုလေးက အမြဲတမ်းအေးနေတာရယ် ပြီးလို့ရှိရင် အစားအသောက်ရယ်ပေါ့နော်။ အစားအသောက်က ခုနကမှ မကောင်းဘူးလို့ ပြောခဲ့ပေမဲ့ သူတို့ဆီမှာပေါ့နော် သူတို့က ပေါ့စားတယ်။ ပြီးလို့ရှိရင် ဆီလည်းသိပ်မစားဘူး ပြီးရင် အရွက်တွေအများကြီးစားတယ်ပေါ့နော်။ အဲ့ဒါကိုပဲ ကိုယ်က မရှိလို့ လိုက်စားရင်းနဲ့ပဲ တဖြည်းဖြည်းနဲ့ အဆင်ပြေလာတယ်ပေါ့နော်။ အဲ့တော့ ကျန်းမာရေးလည်း ကောင်းလာတာ နည်းနည်းလေး ပိုသိသာတယ်ပေါ့။ အဲ့တော့ အစားအသောက်မကောင်းပေမဲ့လည်းပဲ ကိုယ်က ကျန်းမာရေးလိုက်စားတယ်ဆိုလို့ရှိရင်တော့ ဒါလက်ကလေးက တော်တော်လေး အဆင်ပြေတယ်ပေါ့နော်။ ပြီးရင် ကော်ဖီဆိုင်လေးတွေကလည်း အရမ်းလှတယ်။ ပြီးရင် ညနေဘက်ဆိုလို့ရှိရင် အစ်မတို့ လမ်းလျှောက်မလား ပြေးမလားပေါ့နော်။ သူ့အလယ်က မြို့လယ်မှာရှိတဲ့ ရေကန်ကြီးပေါ့။ အဲ့ဒါကြီးကလည်း အရမ်းလှတယ်ပေါ့နော်။ အဲ့တော့ ဒီ ဒါလက်ကလေးကို ကြိုက်တယ်။ ပြီးရင် သူ့ရဲ့အိမ်ပုံစံလေးတွေ နေ့တိုင်းအပြင်ထွက်တိုင်း ပန်းလေးတွေ ငြိမ်နေရတာ ကြိုက်တယ်ပေါ့နော်။ ဒါပေမဲ့ အစ်မအခု ဘာလို့ ချင်းမိုင်မှာနေလဲဆိုတော့ ပေါ့နော်။ အဓိကကတော့ ဒီ ဗီဇာပေါ့။ ဗီဇာက အစ်မ ဒီ ဒါလက်မှာနေတယ်။ ၃ လတစ်ခါတိုးတာ ၃ လလောက် သုံးခါလောက်တိုးပြီးတဲ့အချိန်မှ နည်းနည်းပင်ပန်းသလို ခံစားရတယ်ပေါ့နော်။ အဲ့ process ကြီးလည်း သိပ်မကြိုက်တော့ဘူးပေါ့။ အဲ့ဒါကြောင့်မို့လို့ ဒီ ချင်းမိုင်မှာ နေဖြစ်တာလည်း ပါတယ်ပေါ့နော်။ နောက်ပြီးတော့ ဒီ ချင်းမိုင်ကို တစ်ခါမှမရောက်ဘူး။ အဲ့တော့ လာလည်ကြည့်တဲ့အချိန်မှာလည်း ချင်းမိုင်ကို ကြိုက်သွားတယ်ပေါ့နော်။ အဲ့ဒါကြောင့်မို့လို့ ဒီ ချင်းမိုင်မှာ နေကြည့်မယ်ပေါ့နော်။ လောလောဆယ် နေကြည့်မယ်ဆိုပြီးတော့ ချင်းမိုင်မှာ နေဖြစ်သွားတာပေါ့။
More breakout videos from this creator.