Hook
ဗီယက်နမ်မှာ မြန်မာအရသာစားချင်ရင် ဒီဆိုင်လေးကို သွားစားလို့ရပါတယ်။ မြန်မာဆိုင်တွေတော့ မရှိဘူးပေါ့နော်။ ဒါပေမဲ့ သူနဲ့ အနီးစပ်ဆုံး အရသာတူတဲ့ ဒီလိုမျိုး ထမင်းဆိုင်လေးတွေမှာ သွားပြီးတော့ စားလို့ရပါတယ်။ သူကလည်း မြန်မာဆိုင်တွေလိုပဲပေါ့နော်။ ဒီလိုမျိုး ဟင်းတွေကို ပြတာတော့ လက်ညှိုးထိုးမှာရုံပဲပေါ့နော်။ အင်္ဂလိပ်လိုပြောပြီး မှာလို့လည်း မရဘူး။ သူတို့လည်း နားမလည်ဘူးပေါ့နော်။ အဲ့တော့ လက်ညှိုးထိုးပြီးတော့ မှာလိုက်ရင် ရပါပြီ။ ဘေးနားက ထမင်းဆိုင်တွေမှာ အကြိုက်ဆုံးကတော့ အခုလိုမျိုး ထမင်းပူပူလေး ထည့်ပေးတာပဲပေါ့နော်။ ကိုယ်တွေလို ထမင်းပူပူ ဟင်းပူပူ စားတတ်တဲ့သူတွေအတွက်ကတော့ လုံးဝ အကွက်တိပါပဲ။ အမတို့ကတော့ ကြက်သားဟင်း၊ မြစ်ကြော်၊ ငါးပိရည်နဲ့ စားခဲ့တယ်ပေါ့နော်။ ဒီဟာက တစ်ပွဲကို တစ်ယောက်ကို ၃ သောင်းကျတယ်။ ပြီးလို့ရှိရင် ကျတော့ သူတို့က ဒီလိုမျိုး ဟာလေး ချပေးတယ်။ အဲ့ဒါ ထိုင်းငါးပိရည်နဲ့ အရသာ ထပ်တူနီးပါး တူတယ်ပေါ့နော်။ အဲ့ဒါကြောင့်မို့လို့ ကိုယ်တွေလို ငါးပိရည်ပါမှ စားတတ်တဲ့သူတွေ၊ အဆက်ပါမှ စားတတ်တဲ့သူတွေအတွက်ကတော့ လုံးဝ ထမင်းမြိန်ပါတယ်။ သူတို့ ထမင်းဆိုင်ရဲ့ vibe ကလည်း ကိုယ်တွေ ထမင်းဆိုင်အတိုင်းပဲပေါ့နော်။ အဲ့တော့ တခြားနိုင်ငံ ရောက်နေတယ်လို့ မခံစားရဘူး။ သူတို့က ရေနွေးလေးတွေလည်း ပေးတယ်။ ရေနွေးက အရသာကတော့လေ သူက ဂျင်းချ အရသာပေါ့နော်။ သူတို့ ထမင်းဆိုင်တွေက အဲ့လို ရေနွေးလေးတွေတော့ ပေးတယ်။ ဒါပေမဲ့ အဲ့လိုမျိုး အရသာလေးတွေ ပါပါတယ်။ ပြီးရင် မြင်းခွာရွက်ဟင်းချိုလေးတွေလည်း တစ်ယောက်တစ်ပန်းကန် ပေးတယ်ပေါ့နော်။ ဒီမြင်းခွာရွက်ဟင်းချိုလေးက သူ့အရသာလေးကတော့ပေါ့နော် ချိုပေါ့လေးပေါ့။ ဒါပေမဲ့ ဒါလေးကျတော့ စားလို့ကောင်းတယ်။ ပုစွန်ခြောက်လေးနဲ့ ချက်ထားတာပေါ့နော်။ မြွေလေး မြွေမြွေလေးနဲ့။ ပြီးတော့လေ သူက ရေနွေးအေးအေးလေးလည်း ပေးသေးတယ်။ ဒီလည်း ခုနက ရေနွေးအပူပေါ့နော်။ တစ်ပုလင်းနဲ့ ထည့်ထားတာ။ ဒါက ရေနွေးအေးအေးပေါ့။ ဒီဆိုင်မှာမှ ခဏခဏ လာစားဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါလေးတွေ ရလို့ပေါ့နော်။ ဒါလေးနဲ့ ဆိုလို့ရှိရင် ထမင်းစား အရမ်းမြိန်တယ်။ ငါးပိရည် အစားထိုးပေါ့နော်။ ဒီမှာ ငါးပိရည်လည်း အလွယ်တကူ ဝယ်လို့မရဘူး ဆိုတော့ ဒါလေးနဲ့ပဲ အသက်ဆက်နေရတာပေါ့နော်။
More breakout videos from this creator.