
We didn’t find a product being promoted in this video. Its hook, format and structure below still show why it took off.
Browse products winning on TikTokထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းဖို့ မဖြစ်မနေ အကောင်အထည်ဖော်ရမယ့်တာဝန်ဖြစ်ပြီး ဘယ်သူမှမတားဆီးနိုင်ဘူးလို့ ရှီကျင့်ဖျင်ပြော ~~~~~ နိုဝင်ဘာ ၁၂၊ ၂၀၂၆ ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီး ပြန်လည်ပေါင်းစည်းရေးဟာ မဖြစ်မနေ အကောင်အထည်ဖော်ရမယ့် သမိုင်းဝင်တာဝန်ဖြစ်ပြီး ဒီဖြစ်စဉ်ကို ဘယ်သူမှ တားဆီးနိုင်မှာမဟုတ်ဘူးလို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က နိုဝင်ဘာ ၁၂ ရက်မှာ ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကျင်းပခဲ့တဲ့ တရုတ်တော်လှန်ရေးခေါင်းဆောင် ဆွန်ယက်ဆင်ရဲ့ နှစ် ၁၆၀ ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနားမှာ ရှီကျင့်ဖျင်က အခုလို ပြောကြားခဲ့တာဖြစ်ပြီး ထိုင်ဝမ်နဲ့ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးကို ဦးစားပေးဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ထိုင်ဝမ်အရေးကို ဖြေရှင်းတာဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ မပြောင်းလဲနိုင်တဲ့ သမိုင်းဝင်တာဝန်ဖြစ်ကြောင်း၊ သမိုင်းရဲ့ ရေစီးကြောင်းကို တားဆီးလို့မရသလို တရုတ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးဟာလည်း မုချအောင်မြင်ရမယ်လို့ ရှီကျင့်ဖျင်က ပြောပါတယ်။ တရုတ်နိုင်ငံအနေနဲ့ “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” မူဝါဒကို ဆက်လက်ကိုင်စွဲထားပြီး တရုတ်တစ်နိုင်ငံတည်းမူကို လက်ခံမယ်ဆိုရင် ထိုင်ဝမ်ဘက်နဲ့ ဆွေးနွေးဖို့ အသင့်ရှိတယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။ ရှီကျင့်ဖျင်ရဲ့ မိန့်ခွန်းမှာ ထိုင်ဝမ်ကို စစ်အင်အားသုံးပြီး သိမ်းယူမယ့်အကြောင်း ထည့်သွင်းပြောဆိုခဲ့ခြင်းမရှိပေမဲ့ တရုတ်အစိုးရဟာ ထိုင်ဝမ်အရေးမှာ စစ်အင်အားအသုံးပြုနိုင်ခြေကို ပယ်ချထားခြင်းမရှိပါဘူး။ ရှီကျင့်ဖျင် မိန့်ခွန်းပြောကြားခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်မှာပဲ တရုတ် J-16 တိုက်လေယာဉ်တွေနဲ့ ဒရုန်းတွေအပါအဝင် စစ်လေယာဉ် ၂၉ စင်းဟာ စစ်သင်္ဘောတွေနဲ့အတူ ထိုင်ဝမ်ကျွန်းပတ်ဝန်းကျင်မှာ ပူးတွဲတိုက်ခိုက်ရေးအသင့်အနေအထား ကင်းလှည့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ တရုတ်သမ္မတရဲ့ အခုလိုပြောဆိုချက်ဟာ တရုတ်နိုင်ငံ ရှန်ကျန်းမြို့မှာ ကျင်းပမယ့် APEC ထိပ်သီးအစည်းအဝေးမတိုင်မီ တစ်ပတ်အလိုမှာ ထွက်ပေါ်လာတာဖြစ်ပြီး အဲဒီအစည်းအဝေးမှာ ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ထပ်မံတွေ့ဆုံဖို့ စီစဉ်ထားတာလည်း ဖြစ်ပါတယ်။ ထိုင်ဝမ်မှာလည်း အရေးပါတဲ့ ဒေသန္တရရွေးကောက်ပွဲတွေ ကျင်းပဖို့ နှစ်ပတ်ကျော်သာ လိုတော့ချိန်မှာ တရုတ်ဘက်က ပြန်လည်ပေါင်းစည်းရေးကို ထပ်မံအလေးပေးပြောဆိုလာတာ ဖြစ်ပါတယ်။ သတင်းရင်းမြစ် — Reuters ...
Outliers and viral hits: their videos on Overshot, all time.