
We didn’t find a product being promoted in this video. Its hook, format and structure below still show why it took off.
Browse products winning on TikTokနီပေါမှာ ဓာတ်ကြိုးတွေဆီ လွင့်သွားတဲ့ ခရီးသည်တင်မီးပုံးပျံကို လယ်ကွင်းထဲ ခက်ခက်ခဲခဲ ဆင်းသက်ခဲ့ရ ~~~~~ နိုဝင်ဘာ ၁၆၊ ၂၀၂၆ နီပေါနိုင်ငံ၊ ပိုခါရာမြို့မှာ နိုဝင်ဘာ ၉ ရက်နေ့က ရှုခင်းကြည့်ခရီးထွက်နေတဲ့ ခရီးသည်တင် မီးပုံးပျံတစ်စင်းဟာ လေပြင်းကြောင့် ဓာတ်အားလိုင်းတွေဆီ လွင့်သွားခဲ့ပြီး မီးပုံးပျံ မောင်းနှင်သူက လိုက်ပါလာသူတွေဘေးကင်းစေဖို့ အနီးက လယ်ကွင်းတွေဆီ ခက်ခက်ခဲခဲ ဆင်းသက်ပေးခဲ့ရပါတယ်။ မီးပုံးပျံမောင်းနှင်သူဟာ တူရကီနိုင်ငံသား မဲမက် နူရီ ရှန်က အဲဒီအဖြစ်အပျက်ကို သူရဲ့ Instagram လူမှုကွန်ယက် စာမျက်နှာမှာ ရုပ်သံနဲ့တကွ မျှဝေခဲ့တာပါ။ အစပိုင်းမှာ ခရီးသည်တွေက ပတ်ဝန်းကျင်ရှုခင်းကို ဓာတ်ပုံရိုက်နေကြပေမဲ့ မီးပုံးပျံ ရုတ်တရက်နိမ့်ဆင်းလာတာကြောင့် စိုးရိမ်ခဲ့ရတယ်လို့ ခရီးသည်တစ်ဦးက ပြောပါတယ်။ မီးပုံးပျံကို ပြန်မြင့်တက်စေဖို့ မီးအားအပြည့်ပေးထားပေမဲ့ အောက်ကိုဖိဆင်းလာတဲ့ လေစီးကြောင်းနဲ့ ကြုံခဲ့ရတယ်လို့ မောင်းနှင်သူက ရှင်းပြထားပါတယ်။ မြေပြင်အဖွဲ့က ဆွဲထိန်းပေးနိုင်ဖို့ ချပေးလိုက်တဲ့ ကြိုးလည်း ပြတ်သွားခဲ့ပြီး မီးပုံးပျံက ဓာတ်အားလိုင်းတွေဘက်ကို ဆက်ရွေ့နေခဲ့တာပါ။ အခုလို အခက်အခဲကြားက ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့တာဟာ အချိန်ကိုက်ဆုံးဖြတ်နိုင်မှုနဲ့ မြေပြင်အဖွဲ့ရဲ့ ကူညီမှုကြောင့်လို့ မောင်းနှင်သူက ပြောထားပြီး လိုက်ပါလာသူအားလုံး ဘေးကင်းတယ်လို့လည်း အသိပေးထားပါတယ်။ ... #နီပေါ #မီးပုံးပျံ #ခရီးသွား #နိုင်ငံတကာသတင်း #ဒေါနအလင်း
Outliers and viral hits: their videos on Overshot, all time.