
We didn’t find a product being promoted in this video. Its hook, format and structure below still show why it took off.
Browse products winning on TikTokထူးခြားတဲ့ကိုယ်နေဟန်ထားကြောင့် ထိုင်းနိုင်ငံကငှက်တစ်ကောင် အွန်လိုင်းမှာ နာမည်ကြီးနေ ~~~~ နိုဝင်ဘာ ၂၄၊ ၂၀၂၆ ထိုင်းနိုင်ငံအတွင်းက လျှပ်စစ်မီးတိုင်ထိပ်တစ်ခုပေါ် မှာရပ်ပြီး အတောင်ပံနှစ်ဖက်ကို ဖြန့်ကားထားတဲ့ ငှက်တစ်ကောင်ရဲ့ ရုပ်သံဟာ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပြီး နိုင်ငံတကာက အင်တာနက်အသုံးပြုသူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေပါတယ်။ ရုပ်သံထဲမှာ ငှက်ဟာ အတောင်ပံနှစ်ဖက်ကို ဖြန့်ထားရင်း ခေါင်းကို မော့ပြီး ထူးခြားတဲ့ ပုံစံနဲ့ ရပ်နေခဲ့တာပါ။ အင်တာနက်အသုံးပြုသူတွေကတော့ ဒီငှက်ဟာ Kung Fu Panda ရုပ်ရှင်ထဲက ကြိုးကြာဇာတ်ကောင်နဲ့ တူနေတယ်လို့ မှတ်ချက်ပေးနေကြသလို လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေကို ဆင့်ခေါ်နေတယ်ဆိုပြီးလည်း ဟာသလုပ်နေကြပါတယ်။ ဒီရုပ်သံကို Warinnicha Limsomboonkul ဆိုသူ ထိုင်းနိုင်ငံသားတစ်ဦးက ရိုက်ကူးထားခဲ့တာဖြစ်ပြီး ရုပ်သံဟာ ဉာဏ်ရည်တုနည်းပညာ (AI) နဲ့ ဖန်တီးထားတာမဟုတ်ဘဲ iPhone 15 Pro နဲ့ ရိုက်ကူးထားတာဖြစ်ကြောင်း ရှင်းလင်းထားပါတယ်။ ရုပ်သံထဲက ငှက်ဟာ မြန်မာနိုင်ငံအပါအဝင် တောင်အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ တွေ့ရလေ့ရှိတဲ့ ခရုစုတ်ငှက် (Asian Openbill) ဖြစ်နိုင်ခြေများတယ်လို့ သုတေသီတွေက ပြောပါတယ်။ တကယ်တော့ ငှက်တွေရဲ့ အခုလို အတောင်ပံဖြန့်ပြီး ရပ်နေတတ်တဲ့ အပြုအမူဟာ နေပူဆာလှုံတာ၊ စိုစွတ်နေတဲ့ အမွေးတွေကို အခြောက်ခံတာနဲ့ ခန္ဓာကိုယ်အပူချိန် ထိန်းညှိတာတွေကြောင့် ဖြစ်နိုင်တယ်လို့လည်း သဘာဝသားရိုင်းလေ့လာသူတွေက ဆိုပါတယ်။ သတင်းရင်းမြစ် — Oriental Daily၊ Thai National Parks ရုပ်သံ — Warinnicha Limsomboonkul ... #ထိုင်းနိုင်ငံ
Outliers and viral hits: their videos on Overshot, all time.