
We didn’t find a product being promoted in this video. Its hook, format and structure below still show why it took off.
Browse products winning on TikTokတရုတ်နယ်စပ်နားက အပန်းဖြေစခန်းမှာ ကင်ဂျုံအန်ရဲ့သမီး နှင်းလျှောစီးနေတဲ့ ရုပ်သံကို မြောက်ကိုရီးယားထုတ်ပြန် ~~~~~ နိုဝင်ဘာ ၁၈၊ ၂၀၂၆ မြောက်ကိုရီးယား-တရုတ်နယ်စပ်အနီးက ဆမ်ဂျီယွန်မြို့မှာ တည်ဆောက်နေတဲ့ အပန်းဖြေစခန်းကို ကင်ဂျုံအန် သူ့မိသားစုနဲ့အတူ သွားရောက်ခဲ့ပြီး သမီးဖြစ်သူ ကင်ဂျူအေး နှင်းလျှောစီးနေတဲ့ မြင်ကွင်းတွေကို နိုင်ငံပိုင်ရုပ်သံ KRT က နိုဝင်ဘာ ၁၇ ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။ ရုပ်သံမှာ ကင်ဂျူအေးက အဖြူရောင်ဝတ်စုံနဲ့ နှင်းဖုံးတောင်စောင်းအတိုင်း လျှောဆင်းလာတာကို တွေ့ရပါတယ်။ ကင်ဂျုံအန်ရဲ့ ဇနီး ရီဆောဂျူးလည်း အဲဒီခရီးစဉ်မှာ လိုက်ပါခဲ့တယ်လို့ ယွန်ဟပ်သတင်းမှာ ဖော်ပြပါတယ်။ နိုဝင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက် နှစ်ရက်ကြာ ခရီးစဉ်အတွင်း ကင်ဂျုံအန်က နှင်းလျှောစီးအပန်းဖြေစခန်းအပြင် ဆမ်ဂျီယွန်လေဆိပ် ပြုပြင်တိုးချဲ့နေမှုနဲ့ ခရီးသွားရထားလမ်းတို့ကိုပါ ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာန KCNA က ထုတ်ပြန်ပါတယ်။ ဆမ်ဂျီယွန်ဒေသကို တစ်နှစ်ပတ်လုံး လည်ပတ်နိုင်တဲ့ တောင်ပေါ်ခရီးသွားဒေသအဖြစ် ဖော်ဆောင်နေတာဖြစ်ပြီး နှင်းလျှောစီးစခန်း၊ ဟိုတယ်တွေနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို အဆင့်ဆင့် တည်ဆောက်နေတာပါ။ ခရီးသွားတွေ လာရောက်နိုင်ဖို့ လေဆိပ်ပြုပြင်တိုးချဲ့ရေးကို ဦးစားပေးဆောင်ရွက်ဖို့ ကင်ဂျုံအန်က ညွှန်ကြားခဲ့တယ်လို့လည်း KCNA က ဆိုပါတယ်။ ဖခင်နဲ့အတူ လူမြင်ကွင်းမှာ ထွက်ပေါ်လာလေ့ရှိတဲ့ ကင်ဂျူအေးကို ကင်ဂျုံအန်ရဲ့ အရိုက်အရာဆက်ခံသူဖြစ်လာဖို့ ပြင်ဆင်ပေးနေတယ်လို့ တောင်ကိုရီးယားထောက်လှမ်းရေးက သုံးသပ်ထားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ... ကိုးကား — Reuters၊ Yonhap၊ KRT ၊KCNA
Outliers and viral hits: their videos on Overshot, all time.