
We didn’t find a product being promoted in this video. Its hook, format and structure below still show why it took off.
Browse products winning on TikTokတောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲအတွင်း မီးပုံးပျံတစ်စီး ပျက်ကျ ~~~~~ နိုဝင်ဘာ ၁၉၊ ၂၀၂၆ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ကျင်းပနေတဲ့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်အတွင်း နိုဝင်ဘာ ၁၇ ရက် မနက် ၂ နာရီ ၁၅ မိနစ်ခန့်က ပြိုင်ပွဲဝင် ညမီးကြီးတစ်လုံး ပျက်ကျခဲ့ပြီး ဆိုင်ကယ်နှစ်စီး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ညောင်ဖြူရပ်ကွက်ကိုယ်စားပြု လွှတ်တင်ခဲ့တဲ့ ‘ပွဲကြိုက်’ ညမီးကြီးဟာ လွှတ်တင်ပြီး နှစ်မိနစ်ခန့်အကြာမှာ ပြန်လည်ပျက်ကျခဲ့တာဖြစ်ပါတယ်။ မီးပုံးပျံနဲ့အတူ ပါလာတဲ့ ယမ်းခွေနဲ့ မီးစာတိုင်တွေ ဆိုင်ကယ်နှစ်စီးပေါ် ပြုတ်ကျခဲ့တာကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပေမဲ့ လူထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိခဲ့ဘူးလို့ ရိုးရာမီးပုံးပျံပညာရှင်များအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မီးပုံးပျံပျက်ကျရတဲ့ အကြောင်းရင်းဟာ လွှတ်တင်ချိန်မှာ အပေါ်လေကြောင်း မမှန်တာကြောင့်ဖြစ်တယ်လို့လည်း ၎င်းက ပြောပါတယ်။ ... #တောင်ကြီးတန်ဆောင်တိုင် #မီးပုံးပျံပွဲ #မီးပုံးပျံပျက်ကျ #ဒေါနအလင်း
Outliers and viral hits: their videos on Overshot, all time.