
We didn’t find a product being promoted in this video. Its hook, format and structure below still show why it took off.
Browse products winning on TikTokထိုင်းကြည်းတပ်အရာရှိတွေ မြန်မာစာ၊ မြန်မာစကား သင်ယူနေ ~~~~~ နိုဝင်ဘာ ၂၃၊ ၂၀၂၆ ထိုင်းတော်ဝင်ကြည်းတပ်က အရာရှိတွေနဲ့ တပ်ဖွဲ့ဝင်တွေဟာ မြန်မာစာနဲ့ မြန်မာစကားကို သင်ယူလေ့ကျင့်နေကြပြီး သင်တန်းမှာ မြန်မာစာဖတ်ခြင်း၊ စကားပြောခြင်းနဲ့ အသံထွက်လေ့ကျင့်ခြင်းတွေကို လုပ်ဆောင်နေကြပါတယ်။ ဒီသင်တန်းကို ထိုင်းတော်ဝင်ကြည်းတပ် စစ်ပညာရေးဌာန (Army Education Department) လက်အောက်က ဘာသာစကားသင်ကြားရေးစင်တာမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် အာဆီယံနဲ့ အရှေ့အာရှနိုင်ငံတွေရဲ့ ဘာသာစကားသင်တန်းအစီအစဉ်မှာ ပါဝင်တယ်လို့ သိရပါတယ်။ သင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၁၃ ရက်မှာ လူမှုကွန်ရက်ပေါ်ကနေ ဖော်ပြခဲ့ပြီး သင်တန်းအစီအစဉ်မှာ မြန်မာဘာသာအပြင် မန်ဒရင်းတရုတ်ဘာသာစကားနဲ့ ခမာဘာသာစကားတို့ကိုလည်း သင်ကြားပေးနေတယ်လို့ သင်တန်းဆရာမ Siriwan Somsri က ဖော်ပြထားပါတယ်။ သင်တန်းသားတွေဟာ စာသင်ခန်းအတွင်း အုပ်စုလိုက်လေ့ကျင့်တာ၊ အချင်းချင်း စကားပြောလေ့ကျင့်တာနဲ့ သင်ယူထားတဲ့ စကားလုံးတွေကို အတန်းရှေ့မှာ ဖတ်ပြတာတွေ ပြုလုပ်နေကြတာကို သင်တန်းဆရာမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မျှဝေထားတဲ့ ဓာတ်ပုံနဲ့ ရုပ်သံတွေမှာ တွေ့ရပါတယ်။ သင်တန်းမှာ မြန်မာဘာသာကို သင်ကြားပေးနေသူ Siriwan Somsri ဟာ မဟာဆာရခမ်းတက္ကသိုလ်က မြန်မာဘာသာအထူးပြုနဲ့ ဘွဲ့ရရှိထားသူဖြစ်ပြီး ထိုင်း–မြန်မာ ဘာသာစကားသင်ကြားရေးမှာ အတွေ့အကြုံ ရှစ်နှစ်ကျော်ရှိတယ်လို့ သူ့ရဲ့ ကိုယ်ရေးအကျဉ်းမှာ ဖော်ပြထားပါတယ်။ သူမဟာ မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ထိုင်းသံရုံးနဲ့ ထိုင်းကြည်းတပ် စစ်သံမှူးရုံးတို့မှာလည်း အလုပ်သင်လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ လက်ရှိမှာ ဒီဘာသာစကားသင်တန်းကို တက်ရောက်နေတဲ့ အရာရှိတွေရဲ့ မူလတပ်ရင်းတွေ၊ သင်တန်းကာလနဲ့ သင်တန်းပြီးဆုံးချိန်မှာ တာဝန်ပေးအပ်မယ့် နေရာတွေကိုတော့ မသိရသေးပါဘူး။ ... ကိုးကား — Siriwan Somsri FB Social
Outliers and viral hits: their videos on Overshot, all time.